ဗီယက်နမ်ဆန်သိုလှောင်မှု စတင်နေပြီဖြစ်လို့ ပြည်တွင်းဆန်ဈေး ၅ ရာခိုင်နှုန်း မြင့်တက်လာ
ဗီယက်နမ်ဆန်သိုလှောင်မှု စတင်နေပြီဖြစ်လို့ ပြည်တွင်းဆန်ဈေး ၅ ရာခိုင်နှုန်း မြင့်တက်လာ ဗီယက်နမ်နိုင်ငံရဲ့ အများဆုံးထွက်ရှိတဲ့ နွေစပါး ရာသီမှာ စပါးသိုလှောင်ဖို့ ဆန်ကုမ္ပဏီတွေက စတင် ဝယ်ယူ နေပြီဖြစ်လို့ ပြည်တွင်းဈေးကွက်အတွင်းမှာ ဆန်ဈေး ၅ ရာခိုင်နှုန်း ဝန်းကျင် မြင့်တက်လာခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကုန်သည်များက ပြောကြားပါတယ်။ ဗီယက်နမ် စားနပ် ရိက္ခာအသင်းက စီစဉ်တဲ့ ဆန်သိုလှောင်မှု အစီအစဉ် ဟာ ပြည်တွင်းဈေးနှုန်းကျဆင်းမှုကိုကာကွယ်ဖို့ နိုင်ငံရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ကုန်သည်များက ဆိုပါ တယ်။ အထူးသဖြင့် မတ်လအတွင်း နွေစပါးအများဆုံး ရိတ်သိမ်းတဲ့ မဲခေါင်ဒေသ မှာ ဆန်ဈေး၊ စပါးဈေး ကျဆင်းတတ် တာကြောင့်လို့ ဆိုပါတယ်။ မဲခေါင်ဒေသမှာ စပါးတန်ချိန် ၂ သန်းဝယ်ယူသိုလှောင်ဖို့ အစီအစဉ်အရ ကုမ္ပဏီများက စတင် ဝယ်ယူလာ တာကြောင့် စပါးသစ်ဈေးက ယခင်တစ်ပတ် ထက် ၅ ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်ပြီး ယခုတစ်ပတ်မှာ တစ်ကီလိုကို ကန် ဒေါ်လာ ၂၇-၃၁ ဆင့် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဗီယက်နမ် ဆန်ကုမ္ပဏီများဟာ မူလ မတ်လ ၁ ရက်နဲ့ ဧပြီလ ၁၅ ရက်အတွင်း ဝယ်ယူဖို့ စီစဉ်ထားခဲ့တာထက်စောပြီး စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဗီယက်နမ် ၅ မှတ်ဆန် ဈေးဟာ ယခင်သီတင်းပတ်က တစ်တန် ကန် ဒေါ် လာ ၄၇ဝ ရှိခဲ့ရာက အင်ဒိုနီးရှားကို ဆန်တင်ပို့နေတဲ့အပြင် ဖိလစ်ပိုင်နဲ့ မလေးရှားက ထပ်မံ ဝယ်ယူမဲ့ အလားအလာများ အရ ဖေဖော်ဝါရီလ ၂၃ ရက်မှာ ကန်ဒေါ်လာ ၄၇ဝ မှ ၄၈ဝ ကို မြင့်တက်ခဲ့တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဒါပေမဲ့လည်း ဒေသတွင်း စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုနဲ့ ပတ်သက်လို့ ဆန်တင်ပို့ကြမ်းခင်းဈေး မြှင့်တင်မှု တွေ မရှိတာကြောင့် ယခုတစ်ပတ်အတွင်းမှာတော့ ဆန်ဈေးနှုန်း မြင့်တက်မလာဘူးလို့ ဆိုပါတယ်။ စားနပ်ရိက္ခာအသင်း အနေနဲ့ ဆန်တင်ပို့ဈေးများကို ဆန်ဝယ်ယူတဲ့ ပမာဏနဲ့ ဝယ်လက်တွေအပေါ် မူတည်ပြီး ကြမ်းခင်းဈေးအောက် နိမ့် ရင်လည်း လက်ခံသွားနိုင်တယ်လို့ ကုန်သည်များက ဆိုပါ တယ်။ လမင်း၊ ှSource: Reuters
