ဖိလစ်ပိုင်နိုင်ငံက ၂ဝ၁၁ မှာ ဆန်တန်ချိန် သိန်းတင်သွင်းဖို့ ကန့်သတ်

ဖိလစ်ပိုင်နိုင်ငံက ၂ဝ၁၁ မှာ ဆန်တန်ချိန် သိန်းတင်သွင်းဖို့ ကန့်သတ်               ဖိလစ်ပိုင်နိုင်ငံဟာ နွေစပါးအထွက်ကောင်းမယ့် အလားအလာနဲ့ ၂ဝ၁ဝ ခုနှစ်အတွင်း အမြောက်အမြား ဝယ်ယူ တင်သွင်းထားတဲ့အတွက် ယခုနှစ်မှာ ဆန်တန်ချိန် ၈ သိန်းဝန်းကျင်သာ တင်သွင်းသွားတော့မယ်လို့ အစိုးရ ဝန်ကြီးအဖွဲ့မှ အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ တင်သွင်းမယ့် ပမာဏရဲ့သုံးပုံနှစ်ပုံဖြစ်တဲ့တန်ချိန် ၆သိန်း ကို ပုဂ္ဂလိက ကဏ္ဍက တင်သွင်းသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးဝန်ကြီး Proceso J Alcala က ပြောကြားပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ NFA  က ဆန်တန်ချိန် ၁ ဒသမ ၃ သန်းတင်သွင်းခဲ့ပေမဲ့ ယခုနှစ်အတွက်တော့ တန်ချိန် ၂ သိန်း သာ တင်သွင်းသွားမယ်လို့လည်း Alcala က ပြောကြားပါတယ်။NAQ အုပ်ချုပ်သူ  Angelita T Banayo ပြောကြားတာက တော့ ဆန်တင်သွင်းမှု ရည်မှန်းတဲ့ပမာဏ အတိအကျက တန်ချိန် ၈၆ဝဝဝဝ ဖြစ်ကြောင်း ပြောကြားပေမဲ့ ပုဂ္ဂလိက ကဏ္ဍကို ခွင့်ပြုတဲ့ ပမာဏကိုတော့ ပြောကြားခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ လမင်း၊Source: riceonline