ယခုနှစ်အတွင်း မြို့ပတ်နှင့် အမြန်ရထားခရီးစဉ်များ တိုးခဲျ့ ပြေးဆွဲရန်စီစဉ်

ယခုနှစ်အတွင်း မြို့ပတ်နှင့် အမြန်ရထားခရီးစဉ်များ တိုးခဲျ့ ပြေးဆွဲရန်စီစဉ်                    ယခုနှစ်အတွင်း မြို့ပတ်နှင့် အမြန်ရထားခရီးစဉ်များ တိုးခဲျ့ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန် ဘူတာကြီးမှ စုံစမ်းသိရှိရသည်။ အဆိုပါဆောင်ရွက်ချက်အတွက် အိန္ဒိယနိုင်ငံထုတ် မီးရထားစက်ခေါင်းများ၊ လူစီးတွဲများနှင့် ပြုပြင်ထိန်းသိမ်းရေးစက်များကို မှာယူထားပြီး မကြာမီရောက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ရထားအစင်း ၂ဝ ကျော်ဖြင့် နေ့စဉ်ခရီးစဉ်ပေါင်း ၂ဝဝ ကျော်ကို ပြေးဆွဲပေးလျက်ရှိပြီး မြို့ပတ်ခရီးသည် တစ်နေ့လျှင် တစ်သိန်းကျော်ဝန်းကျင်ရှိကြောင်း၊ ၎င်းးအပြင် အဝေးပြေးအမြန်ရထား ၁၄ စင်း ရှိကြောင်း သိရသည်။ ပြည်တွင်းရထားခရီးစဉ်များအတွက် အိန္ဒိယနိုင်ငံထုတ် မီးရထားစက်ခေါင်းအလုံး ၂ဝ၊ လူစီးတွဲ ၂ဝ၊ စက်အရံပစ္စည်းများကိုမှာယူထားပြီး ၎င်းတို့အထဲမှ စက်ခေါင်းသုံးတွဲမှာ ယခုနှစ်ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် စတင်ရောက်ရှိခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်မီးရထားလမ်းအတွက် စတင်အသုံးပြုနေကြောင်း သိရသည်။ ၎င်းအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလည်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနသို့ မီးရထားစက်ခေါင်း ၃၅ လုံး၊ လူစီးတွဲ ၁၅ဝ၊ ကုန်တွဲ ၂ဝဝ၊ ပြုပြင်ထိန်းသိမ်းရေးစက်ပစ္စည်း ၁၆ မျိုးကိုပေးအပ်ခဲ့ကြောင်း၊ စက်ခေါင်းများ၏ စက်စွမ်းအားမှာ မြင်းကောင်ရေ ၁၁ဝဝ ဖြစ်ပြီး ဒီဇယ်အင်ဂျင်များဖြစ်ကာ စတင်သုံးစွဲနေပြီဖြစ်ကြောင်း သိရသည်။ ကိုဖြိုး