ကုန်စည်ဒိုင် သုံးသပ်ချက်

 ကုန်စည်ဒိုင် သုံးသပ်ချက်          မတ်ပဲ (ကုန်ကြမ်း) ကို မတ်ပဲ သန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမြင့်လာမှုအပေါ် ဈေးပေးပြီးအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးမြင့်လ် ာကြောင်း တွေ့ရပါတယ်။               ပဲစင်းငုံနီ ကို ပြည်ပ အဝယ်များလာတဲ့ အပေါ် အိတ်စပို့ဝယ်  လက်တွေက လက်ရှိပေါက်ဈေးထက် ဈေးပိုပေးပြီး အဝယ်ရှိလာ တာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ မကွေး၊ အောင်လံ၊ ပခုက္ကူနဲ့ ပြည်မှာ ဈေးမြင့်ေ် နတာ တွေ့ရပါတယ်။ ပဲတီစိမ်းကြီး(ခရမ်းရွှေဝါ) ဈေးကွက် အဝင်များတဲ့အပေါ် တရုတ်က ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်နဲ့ မန္တလေးမှာ ဈေးကျနေတာတွေ့ရပါတယ်။              ကုလားပဲဖြူကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန် ဝယ်လက်အပြင် မြို့တွင်းလှောင်လက်ကုန်သည်များကပါ အဝယ် သွက်နေတာကြောင့် မန္တလေး၊ မုံရွာ ၊ပခုက္ကူ နှင့် မြင်းခြံမှာ ဈေးမြင့့််နေပြီး ဘုရင့်နောင်မှာ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ပြောင်း ကိုတရုတ်ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်လုပ်ငန်း ရှင်များက အဝယ်နည်းသွားတာကြောင့် မူဆယ်၊ အောင်ပန်းနဲ့ တောင်ကြီးတွင် ဈေးကျနေပြီး လားရှိုးမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။