မဲခေါင်မြစ်ဝှမ်းဒေသ စပါးဈေးနှုန်းများကျဆင်းနေ

မဲခေါင်မြစ်ဝှမ်းဒေသ စပါးဈေးနှုန်းများကျဆင်းနေ                      ၂ဝ၁၁ ခုနှစ်အတွင်း မတ်လ ၁ဝ ရက်နေ့အထိ ဗီယက်နမ် ဆန်တင်ပို့မှုပမာဏက တန်ချိန် ၁ ဒသမ ၃ သန်းရှိနေပြီး ကန်ဒေါ်လာ ၆၂၇ သန်းရရှိခဲ့ရာ ယခင်နှစ်အလားတူကာလ တင်ပို့မှုပမာဏထက် ၅၃ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဗီယက်နမ် စားနပ်ရိက္ခာအသင်း (VFA) က မတ်လ ၁၇ ရက် နေ့တွင် အစီရင်ခံတင်ပြခဲ့ပါတယ်။                      ဗီယက်နမ်က ယခုနှစ်ပထမ (၃) လအတွင်း မလေးရှား၊ အင်ဒိုနီးရှားနဲ့ ကျူးဘားနိုင်ငံတွေကို ဆန်တန် ချိန် ၂ သန်းသင်္ဘောတင်ပို့ဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဈေးကွက်ဆန် ဈေးနှုန်းကို အနည်းဆုံးအနေနဲ့ တစ်ကီလို ကို ဒေါင် ၅ဝဝဝ နဲ့ တည်ငြိမ်နေစေဖို့ မတ်လ ၁ ရက်နေ့မှစပြီး ဆန်တန်ချိန် ၁ သန်း သိုလှောင်ထားမဲ့စီမံကိန်း အရ VFA အနေနဲ့ ဆန်တွေစတင်ဝယ်ယူနေပြီဖြစ်သော်လည်း မဲခေါင်မြစ်ဝှမ်း ဒေသတွင် ယခင်အပတ်မှစပြီး စပါးဈေးနှုန်းက တစ်ကီလိုကို ဒေါင် ၅ဝဝ မှ ၇ဝဝ အကြားကျဆင်းလျက်ရှိပါတယ်။ VFA အနေနဲ့ ပြည်ပကို ဆန်တင်ပို့မှုအတွက် အမြင့်ဆုံး ဈေးနှုန်းကိုလည်း မတ်လ ၂ဝ ရက်နေ့တွင် တစ်တန်ကို ကန်ဒေါ်လာ ၂ဝ စီထပ်မံလျှော့ချပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဈေးလျော့ပေးတဲ့အနေနဲ့ ဆောင်း- နွေဦးရာသီထွက်ရှိတဲ့ ဆန်တင်ပို့မှုကို တိုးတက်သွားအောင် အားပေးနိုင်မှာ ဖြစ် ကြောင်း VFA  က မျှော်လင့်ထားပါတယ်။ ယခင်နှစ်က ဗီယက်နမ်က ပြည်ပကို ဆန်တန်ချိန် ၆ ဒသမ ၇၅ သန်းတင်ပို့ခဲ့ရပြီး ဝင်ငွေကန်ဒေါ်လာ ၃ ဒသမ ၂၃ ဘီလီယံရရှိကာ မှတ်တမ်းတင်ခဲ့ရကြောင်း၊ ယခုနှစ်တွင် တန်ချိန် ၆ သန်းတင်ပို့နိုင်မယ်မျှော်မှန်း ရာ ယခင်နှစ်ကထက် တန်ချိန် ၇၅ဝဝဝဝ လျော့နည်းသွားမယ်လို့ ခန့်မှန်းကြပါ တယ်။ ပပ၊ ှSource:vietnambusiness.asia