ဗီယက်နမ်က ဆန်တင်ပို့ဈေးကို ထပ်မံလျှော့ချ

ဗီယက်နမ်က ဆန်တင်ပို့ဈေးကို ထပ်မံလျှော့ချ                ရောင်းချမှုတိုးတက်နေခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးကျဆင်းနေခြင်းနဲ့အတူ ဗီယက်နမ်ရဲ့ ဆန်တင်ပို့ အမြင့်ဆုံးဈေးကို မတ်လ ၂ဝရက်ကစပြီးတစ်တန်ကန်ဒေါ်လာ ၂ဝ လျှော့ချခဲ့တယ်လို့သိရပါတယ်။ ဗီယက်နမ်စားနပ်ရိက္ခာအသင်းက ၅ မှတ် ဆန်ကို ကန်ဒေါ်လာ ၅ဝဝ မှ ၄၈ဝ ကိုလည်းကောင်း၊ ၂၅ မှတ်ဆန်ကို ကန်ဒေါ်လာ ၄၈ဝ မှ ၄၆ဝကိုလည်းကောင်း လျှော့ချ သတ်မှတ်ခဲ့တယ်လို့သိရပါတယ်။                  ဆန်တင်ပို့ဈေးလျှော့ချခြင်းဟာ ယခုလမှာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ်ကို မတ်လ ၁၂ ရက်က ကန်ဒေါ်လာ ၁ဝ-၂ဝ လျှော့ချခဲ့တာဖြစ်ပါတယ်။ အခုလိုဆန်ဈေးလျှော့ချခြင်းဟာ နွေဆန်များတင်ပို့ဖို့ တွန်းအားပေးနိုင်လိမ့်မယ်လို့ အသင်းက ဆိုပါတယ်။ စိုက်ပိုျးရေးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေး ဒုတိယဝန်ကြီး Diep Kinh Tan  ပြောကြားတာကတော့ ဆန်ဈေးကွက် ပြန်လည်ကောင်းမွန်လာမယ်လို့ဆိုပါတယ်။ လာမယ့်လတွေမှာ ဆန်တင်ပို့ဖို့ မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတွေနဲ့ စာခုျပ်ထားပြီးဖြစ်သလို ဖိလစ်ပိုင်ကို ဆန်တင်ပို့မှုလည်း တိုးတက်လာဖွယ်ရှိတယ်လို့ ၎င်းကဆက်လက်ပြောကြားပါတယ်။ ယခုလအစပိုင်းကစပြီး ပြည်တွင်းဆန်ဈေး တည်ငြိမ်စေဖို့ အသင်းလုပ်ငန်းရှင်တွေဟာ ဆန်တန်ချိန်တစ်သိန်းဝယ်ယူခဲ့ပါတယ်။ယခုနှစ် ပထမ ၂ လအတွင်း ဗီယက်နမ်နိုင်ငံက ဆန်တန် ချိန် ၁ ဒသမ ၁ သန်း တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၅၉၅ သန်း ဝင်ငွေရရှိတယ်လို့သိရပါတယ်။ ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ပမာဏအားဖြင့် ၅၅ ဒသမ ၆ ရာခိုင်နှုန်းနဲ့ တန်ဖိုးအားဖြင့် ၄၄ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ အသင်းကခန့်မှန်းရာမှာတော့ ယခုနှစ်ဗီယက်နမ်က ဆန်တင်ပို့မှုဟာ မနှစ်ကထက် တန်ချိန် ၇၅ဝဝဝဝ လျော့ကျပြီး၊ တန်ချိန် ၆ သန်းတင်ပို့နိုင်လိမ့်မယ်လို့ဆိုပါတယ်။ အာရှနိုင်ငံတွေကို ၆၁ ဒသမ ၂၉ ရာခိုင်နှုန်းနဲ့ အာဖရိကနိုင်ငံတွေကို ၂၉ ရာခိုင်နှုန်းခန့် တင်ပို့ဖို့လည်း စီစဉ်ထားတယ်လို့သိရပါတယ်။ ယခင်နှစ်က တန်ချိန် ၆ ဒသမ ၇၅ သန်း၊ ကန်ဒေါ်လာ ၃ ဒသမ၂၃ ဘီလီယံဖိုး တင်ပို့ခဲ့လို့ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ ဆန်တင်ပို့ပျမ်းမျှဈေးဟာ ၅ မှတ်ဆန်အနေနဲ့ တစ်တန်ကန်ဒေါ်လာ ၅၁၁ ကို ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၅ မှတ်ဆန်ဈေးက ကန်ဒေါ်လာ ၄၉၁ ကို မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လမင်းး၊Source:VNS