ဂျပန်နိုင်ငံရဲ့ ဝယ်လိုအားပိုမိုခြင်းက ထိုင်းဆန်ဈေးကို မြင့်တက်စေနိုင်

ဂျပန်နိုင်ငံရဲ့ ဝယ်လိုအားပိုမိုခြင်းက ထိုင်းဆန်ဈေးကို မြင့်တက်စေနိုင်                ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီဖြစ်ပွားပြီးနောက် အရေးပေါ်ရောင်းချမှုများကြောင့် ထိုင်းစံပယ်ဆန်မွှေး တင်သွင်းဖို့ ဂျပန်နိုင်ငံက ပြင်ဆင်နေတယ်လို့ ထိုင်းဆန်စက်အသင်းက ပြောကြားပါတယ်။ ဒီလိုဝယ်လိုအားပိုထွက်လာခြင်းက ထိုင်းဆန်ဈေးမြင့်တက်ဖို့ မျှော်လင့်ချက်ဖြစ်လာတယ်လို့ ဆိုပါ တယ်။                   ဂျပန်ငလျင်နဲ့ ဆူနာမီကြောင့် စိုက်ပိုျးရေးနဲ့ စက်မှုကဏ္ဍ တွေမှာ ပြင်းပြင်းထန်ထန်ပျက်စီးခဲ့ခြင်းနဲ့ ပတ်သက်လို့ ပြောကြားရင်း လက်ရှိထိုင်းဆန်ဈေးအပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို ထိုင်းဆန်စက်အသင်းဥက္ကဌBanjong Tungifwattankul  က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ ထိုင်းစံပယ် ဆန်မွှေးကိုအများဆုံးတင်သွင်းနိုင်ငံဖြစ်တဲ့ အတွက်အရေး ပေါ်ရောင်းချဖို့ ထိုင်းဆန်ကိုပိုမိုတင်သွင်းရဖို့ ဖြစ်လာတယ်လို့ ဆိုပါတယ်။                     ဆူနာမီဘေးဒုက္ခသည်များအတွက် အစိုးရက ဆန်တန်ချိန် ၁ဝဝဝဝ တင်ပို့ဖို့ စီစဉ်နေပြီး ထိုင်းအစိုးရက ထိပ်တန်း အရည်အသွေးဆန်များ တင်ပို့သွားမယ်လို့လည်း ၎င်းက ဆက်လက်ပြောကြားပါတယ်။ လမင်းး၊ှSource: riceonline