တွံတေးမှ ရန်ကုန် ကုန်စည်စီးဆင်းမှု ပိုမို မြန်ဆန်သွက်လက်လာတော့မည်
တွံတေးမှ ရန်ကုန် ကုန်စည်စီးဆင်းမှု ပိုမို မြန်ဆန်သွက်လက်လာတော့မည် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရှိ တွံတေးမြို့နယ်အတွင်း တွံတေးတူးမြောင်းရဲ့ တောင်ဘက် အလျားလိုက်တွင် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှစပြီး မအူပင်-တွံတေးကားလမ်းမကြီး ဖောက်လုပ်လျက်ရှိရာ လမ်းအရှည် ၂၈ မိုင် ၂ ဖာလုံ၊ လမ်းအကျယ် ၃ဝ ပေ၊ မြေသားလမ်းအဆင့်အားလုံး ပြီးစီးပြီး ကျောက်ချောလမ်းအဆင့်သို့ ရောက်နေပါပြီ။ မအူပင်အခြမ်းတွင် လှိုင်းတာရေထိန်းတံခါးအထိ ကတ္တရာလမ်းအဆင့် ပြီးစီးပြီဖြစ်ရာ ကျန်ရှိသောလမ်းအပိုင်းကို ပြည်သူ့ဆောက်လုပ်ရေးနဲ့ နယ်စပ်စည်ပင်တို့မှ လမ်းပိုင်းအလိုက် အမြန်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ တွံတေးဒေသတွင်ရှိသော မွေးမြူရေးလုပ်ငန်းရှင်များ၊ စိုက်ပိုျးထုတ်လုပ်သူများမှ ကုန်စည်တင်ပို့ရာတွင် ရေတက်ရေချ အချိန်လုရခြင်း၊ အချိန်ကုန်လူပင်ပန်းရှိခဲ့ရာမှ ယခုလမ်းမကြီးပြီးစီးပါက ရန်ကုန်ကုန်စည်ဒိုင်၊ ငါးဒိုင်များသို့ အချိန်တိုတိုနဲ့ ပို့ဆောင်နိုင်မှာဖြစ်လို့ ကုန်စည်စီးဆင်းမှု မြန်ဆန်သွက်လက်လာတော့မှာဖြစ်ပြီး ယခုလမ်းမကြီးမှာ တွံတေးဒေသ ဖွံ့ဖြိုးတိုး တက်ရေးကို အထောက်အကူပြုမယ့် လမ်းကြီးဖြစ်ကြောင်း သိရပါတယ်။ PTAC-1 (တွံတေး)
