အင်ဒိုနီးရှားမှာ အရေးပေါ် အရန်ဆန် တန်ချိန် ၅ သိန်းခန့်ရှိ
အင်ဒိုနီးရှားမှာ အရေးပေါ် အရန်ဆန် တန်ချိန် ၅ သိန်းခန့်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝဘေးအန္တရာယ်များ၊ ပြည်တွင်းဈေး ခေါင်ခိုက်အောင်မြင့်တက်လာခြင်းများလို အရေးပေါ်အခြေအနေအတွက် အရံဆန် တန်ချိန် ၅ သိန်း ခန့်ထားရှိတယ်လို့ နိုင်ငံပိုင်အေဂျင်စီဖြစ်တဲ့ ဘူးလော့မှ အရာ ရှိများက အတည်ပြုပြောကြားကြောင်း ပြည်တွင်းသတင်း များမှာ ဖော်ပြထားပါတယ်။ ငလျင်၊ ဆူနာမီ၊ ရေလွှမ်းမိုးမှုနဲ့ အခြားအရေးပေါ်အခြေအနေတွေမှာ အသုံးပြုဖို့ ဘူးလော့ အေဂျင်စီမှာ ဆန် အလုံအလောက်ရှိတယ်လို့ ဆွေးနွေးပွဲ တစ်ခုမှာ ဘူးလော့မှာ ကျွမ်းကျင်ပညာရှင် Muhammad Ismet က ပြောကြားပါတယ်။ အစိုးရအနေနဲ့နိုင်ငံတစ်ဝန်းဘူးလော့ရဲ့ သိုလှောင် ရုံများအတွင်းက ဆန်များ ထုတ်ယူနိုင်တယ်လို့ လည်း ၎င်းက ဆက်လက်ပြောကြားပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့ဈေးထက် မြင့်တက်နေတဲ့ အခါ ဈေးကွက် လည်ပတ်ဆောင်ရွက်နိုင်ဖို့လည်း အဲဒီသိုလှောင် ဆန်တွေကို အသုံးပြုနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။ လမင်း၊Source: oryza .com
