ကမ္ဘာ့ဆန်ကုန်သွယ်မှု ကျဆင်းမယ်လို့ နိုင်ငံတကာ ကောက်ပဲသီးနံှကောင်စီက ခန့်မှန်း

ကမ္ဘာ့ဆန်ကုန်သွယ်မှု ကျဆင်းမယ်လို့ နိုင်ငံတကာ ကောက်ပဲသီးနံှကောင်စီက ခန့်မှန်း                  ယခုနှစ်အတွင်း ကမ္ဘာ့အကြီးဆုံး ဆန်တင်သွင်းသူ ဖိလစ်ပိုင်က ဆန်ဝယ် လိုအားနည်းပါးနေတဲ့အတွက် ကမ္ဘာ့ဆန် ကုန်သွယ်မှုဟာ တန်ချိန် ၃ဝ ဒသမ ၃ သန်းကို အနည်းငယ်ကျဆင်းဖွယ်ရှိတယ်လို့ နိုင်ငံတကာ ကောက်ပဲသီးနံှကောင်စီ (I G C)က ကြိုတင်ခန့်မှန်းထားပါတယ်။ အာရှနိုင်ငံတွေကို ဆန်တင်ပို့မှုလျော့ကျခြင်းက ဥရောပနဲ့ အာဖရိကနိုင်ငံတွေကို ပိုမိုတင်ပို့မယ့် ဆန်ပမာဏကို တစ်စိတ်တစ်ပိုင်းသာ လျော့ကျစေနိုင်မယ်လို့ I G C  ရဲ့ မတ်လအတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။                   ကမ္ဘာ့ဆန်ဝယ်လိုအား ကျဆင်းမယ်လို့ ခန့်မှန်းထားတဲ့ ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှုက တန်ချိန် ၁ဝ သန်းကို ၁၂ ရာခိုင်နှုန်းဝန်းကျင် တိုးတက်လာပြီး အခြားဆန်တင်ပို့နိုင်ငံကြီးတွေဖြစ်တဲ့ ပါကစ္စတန်နဲ့ ဗီယက်နမ်ရဲ့တင်ပို့မှုကတော့ အနည်းငယ်လျော့ကျနိုင်တယ်လို့ I G C  က ဆိုပါတယ်။ မတ်လ ၆ ရက်ထိ စာရင်းအရ ထိုင်းနိုင်ငံရဲ့ ၂ဝ၁၁ အတွင်း ဆန်တင်ပို့မှု ဟာတန်ချိန် ၁ ဒသမ ၈ သန်း ရှိလို့ ယခင်နှစ်က ၅၀ ရာခိုင်နှုန်းပိုမိုနိုင်တယ်လို့သိရပါတယ်။လမင်း၊Source: oryza .com