ဆီနီဂေါနိုင်ငံက ဆန်လုံလောက်မှု ရရှိလာပြီး ပြည်ပတင်ပို့ဖို့ စီစဉ်နေတယ်လို့ သမ္မတက ဆို

ဆီနီဂေါနိုင်ငံက ဆန်လုံလောက်မှု ရရှိလာပြီး ပြည်ပတင်ပို့ဖို့ စီစဉ်နေတယ်လို့ သမ္မတက ဆို                    ဆီနီဂေါနိုင်ငံဟာ ပြည်တွင်း လိုအပ်ချက်ပြည့်မီဖို့ လုံလောက်တဲ့ ဆန်ထုတ်လုပ်လျက်ရှိပြီး ပိုလံျှမှုကို ပြည်ပတင်ပို့သွားမယ်လို့ သမ္မတ Abdoulaye Wade  ကပြောကြားကြောင်း သိရပါတယ်။ ယခင်နှစ်က ဆန်တန်ချိန် ၆၄ဝဝဝဝ ထွက်ရှိခဲ့လို့ ပြည်တွင်းလိုအပ်ချက်ထက် တန်ချိန် ၄ဝဝဝဝ ပိုမိုတယ် လို့ ဧပြီလ ၁၈ ရက်နေ့ ဒါကာရဲ့ မြို့တော်မှာကျင်းပတဲ့ ညီလာခံမှာပြောကြားခဲ့တယ်လို့ သိရပါတယ်။                      စပါး အထွက်နှုန်းက ၂ဝဝ၆ ခုနှစ်ကထက် ၃ဆပိုထွက်တယ်လို့  ဆိုပါတယ်။ အိန္ဒိယနဲ့ ပူးပေါင်းဆောင် ရွက်တဲ့ အစီအစဉ်ကနေနောက် နှစ်အနည်းငယ်အတွင်း ဆန်တန်ချိန် ၁ ဒသမ ၁ သန်းအထိ တိုးမြှင့်ထုတ်လုပ် သွားမယ်လို့လည်း ဆိုပါတယ်။ ပြည်တွင်းစားသုံးမှုအတွက် တန်ချိန် ၆ သိန်း ခန့် ထုတ်လုပ်နေတာဖြစ်လို့ ပြည်ပတင်ပို့ဖို့ နောက်ထပ်တန်ချိန် ၅ သိန်းထုတ် လုပ်သွားမယ်လို့ ဆိုပါတယ်။ ဆီနီဂေါနိုင်ငံဟာ ယခင်နှစ်က မြေပဲ တန်ချိန် ၁ ဒသမ ၂၈၆ သန်း အထိ အများဆုံးထုတ်လုပ်ခဲ့ပါတယ်။ နိုင်ငံ စိုက်ပျိုးရေးထုတ်ကုန်တွေ တင်ပို့မှုရဲ့ ၆ဝ ရာခိုင်နှုန်းကို မြေပဲတင်ပို့မှု ရှိတယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာန ကဆိုပါတယ်။ ဒီဇင်ဘာနဲ့မေလအတွင်း ရိတ်သိမ်းကာလမှာ ဆန်တစ်ကီလိုကို ကွင်းပေါက်ဈေးကန်ဒေါ်လာ ၃၅ ဆင့် နဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနဟာ တောင်သူတွေကို အထောက်အပံ့ ဖြစ်စေဖို့ ရိတ်သိမ်းပြီးနောက် ပိုင်း ကာလ တွေမှာ ဈေးနှုန်း သတ်မှတ်မှုကို လည်း စီစဉ်နေတယ်လို့ ၎င်းက ဆိုပါ တယ်။                     လဝန်းး၊Source: riceonline