ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်က အရည်အသွေးလိုနေတဲ့အပေါ် ဈေးချအဝယ်ရှိ
ပဲစင်းငုံနီ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၆ဝ၅ဝဝဝ ၅၆၅ဝဝဝ၂ မန္တလေး ၁ ပိဿာ ၉၃၃ ၈၆၇၃ မုံရွာ ၁ ပိဿာ ၉၁၅ ၈၃၅၄ ပြည် ၁ ပိဿာ ၉၃ဝ ၉ဝဝ၅ ပခုက္ကူ ၁ ပိဿာ ၉၂ဝ ၈၄၅၆ မြင်းခြံ ၁ ပိဿာ ၉၂ဝ ၈၃ဝ၇ အောင်လံ ၁ ပိဿာ ၉၃၅ ၈၅ဝ၈ မကွေး ၁ ပိဿာ ၉၂ဝ ၈၈ဝပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်က အရည်အသွေးလိုနေတဲ့အပေါ် ဈေးချအဝယ်ရှိ ဘုရင့်နောင် ဈေးကွက်တွင် ပဲစင်းငုံနီက ဈေးကွက်သို့အဝင်ပုံမှန်ရှိပေမယ့် အိတ်စပို့ဝယ်လက်တွေက အိန္ဒိယဈေးကွက်မှာ မြန်မာ့ ပဲစင်းငုံဈေးဆင်းနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၅၆၅ဝဝဝ ကျပ်နဲ့ နေ့စဉ်တန် ၁၁ဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ရန်ကုန်ဝယ်လက်က ပြည်ပအဝယ်အေးတဲ့အပေါ် ဈေးနှိမ်ပြီး အဝယ်ရှိတာကြောင့် ဈေးဆက်လက်ကျဆင်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု တစ်ပိဿာကို ၈၆၇ ကျပ်( တစ်တန်ကို ၅၃ဝ၉၄၂ ကျပ)် နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားသာ ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ။် မုံရွာဈေးကွက်မှာ ဈေးတွေကျဆင်းနေသလို အရောင်းအဝယ်အနေနဲ့လည်း အေးနေဆဲလို့ဆိုပါတယ်။ ပဲစင်းငုံဈေးဆင်းနေပေမယ့် ဒေသခံကုန် သည်အချင်းချင်း ရောင်းဝယ်မှုရှိလို့သာ တစ်ပိဿာကို ၈၃၅ ကျပ် (တစ်တန်ကို ၅၁၁၃၄၅ ကျပ်) နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ပြည်ဈေးကွက်တွင် ရန်ကုန်ဝယ်လက်က အရည်အသွေးလိုနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိသလို ရောင်းသူကုန်သည် များက လည်း ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့ တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၉ဝဝ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်) နဲ့နေ့စဉ်အိတ် ၂ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီက သြင်္ကန် အပြီး ရန်ကုန်ဝယ်လက် အဝယ်အေးသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၄၅ ကျပ် (တစ်တန်ကို ၅၁၇၄၆၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာ ခပ်ပါးပါးလေး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံ ဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်က ဈေးလျော့ အဝယ်ရှိလာသလို ဝယ်အားပါ နည်းလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၈၃ဝ ကျပ်(တစ်တန်ကို ၅ဝ၈၂၈၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရောင်းသူကုန်သည်များ ဈေးအမြင့်မှန်းပေမယ့် ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် အရောင်းအဝယ်လည်း အေးနေတယ်လို့ သိရပါတယ်။
