မတ်ပဲဈေးကျပြီး အရောင်းအဝယ်ဖြစ်မှုနည်းလာ
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၆၆၃ဝဝဝ ၆၅ဝဝဝဝ၂ မုံရွာ ၁ ပိဿာ ၁ဝ၇၅ ၉၅ဝ၃ ပြည် ၁ ပိဿာ ၁၁၃၅ ၁ဝဝဝ၄ ဟင်္သာတ ၁ ပိဿာ ၁ဝ၅ဝ ၉၈၅၅ မန္တလေး ၁ ပိဿာ ၁ဝ၅ဝ ၁ဝ၂ဝမတ်ပဲဈေးကျပြီး အရောင်းအဝယ်ဖြစ်မှုနည်းလာ ဘုရင့်နောင်ေ် ဈးကွက်မှာ သြင်္ကန်မတိုင်ခင်က မတ်ပဲ (RC) ကတစ်တန်ကို ၇ဝဝဝဝ ကျပ်ဝန်းကျင်နှင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြင်္ကန်အလွန်ဒီအပတ်မှာတော့ တစ်တန်ကို ၆၅ဝဝဝ ကျပ်ဝန်းကျင် နှင့် တစ်ပတ်အတွင်း တန် ၁၈ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ မတ်ပဲ(RC) ကိုပြည်ပတင်ပို့ရန် ဝယ်ယူနေသည့် ကုန်သည်ကြီးများက မြန်မာ့မတ်ပဲအိန္ဒိယဈေးကွက်မှာ ဈေးကျ နေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိခဲ့တာကြောင့် ယခုလို ဈေးကွက်ကျလာရတာလို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။မန္တလေး ဈေးကွက်မှာ ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမဲ့ ဒေသတွင်းပဲ ခွဲစက် သမားများက အဝယ်အေးသွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိသာကို ၁ဝ၂ဝ ကျပ် (တစ်တန်ကို ၆၂၄၆၃၇ ကျပ)် နှင့် နေ့စဉ်အိတ် ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။မုံရွာဈေးကွက်မှာတော့ ဒေသ တွင်းပဲခွဲစက်သမားများက လက်ရှိပေါက်ဈေးထက် ဈေးချအဝယ်ရှိ သလို ဝယ်အားပါနည်းသွားကြောင်း တွေ့ရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၅ဝ ကျပ် (တစ်တန်ကို ၅၈၁၇၇ဝ ကျပ်) ဖြင့်နေ့စဉ် အိတ်၂ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်တွင် ပြီးခဲ့တဲ့အပတ်က တစ်ပိဿာကို ၁၁၃၅ ကျပ်(တစ်တန်ကို ၆၉၅ဝ၆၂ ကျပ်)ရှိရာမှ ဒီတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁ဝဝဝ ကျပ် (တစ်တန်ကို ၆၁၂၃၉ဝ ကျပ်)ဈေးနဲ့ အဝယ်အနည်းငယ် ရှိခဲ့တယ်လို့ သိရပါတယ်။ ဟင်္သာတဈေးကွက်သို့ လေးမျက်နှာ၊ အင်္ဂပူနှင့် မြန်အောင် မြို့နယ်များမှ နေ့စဉ် အိတ် ၁ဝဝဝ ခန့်အဝင်ရှိနေပေမဲ့ ရန်ကုန် ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲဈေးကျ နေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၈၅ ကျပ်( တစ်တန်ကို ကို ၆ဝ၃၂ဝ၄ ကျပ်) နဲ့နေ့စဉ်အိတ် ၁ဝဝဝ မှ ၂ဝဝဝ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
