နှစ်သစ်မှာ ဈေးလှုပ်လာတဲ့ နှမ်းဖြူ

နှမ်းဖြူစဉ် ကုန်စည်ဒိုင်         ရေတွက်ပုံ         ယခင်      ယခု                 ပြောင်းလဲမှု၁ မန္တလေး                  ၁ ပိဿာ       ၁၇၃၃     ၁၆၈၉၂ မကွေး                    ၁ ပိဿာ       ၁၇၃၄     ၁၇၈ဝ၃ မုံရွာ                       ၁ ပိဿာ       ၁၆၄၇     ၁၆၄၇နှစ်သစ်မှာ ဈေးလှုပ်လာတဲ့ နှမ်းဖြူ                  မန္တလေးဈေးကွက်မှာ နှမ်းဖြူ(ထိပ်စ)ကို တရုတ်ဝယ်လက်က အရည်အသွေးအရ အဝယ်အေးနေပေမယ့် ဒေသတွင်းဆီကြိတ် လုပ်ငန်းရှင်များက ဝယ်အားအထိုက်အလျောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၆၈၉ ကျပ် (တစ်တန်ကို ၁ဝ၃၄၃၂၆ ကျပ်)နဲ့ နေ့စဉ် အိတ် ၃ဝဝ ခန့်အဝယ်ရှိ ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာတော့ မန္တလေးဝယ်လက်အဝယ်နည်းပေမယ့် ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၇၈ဝ ကျပ် (တစ်တန်ကို ၁ဝ၉ဝဝ၅၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြား အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ရောင်းသူ ကုန်သည်တွေထံမှာ ပစ္စည်း လက်ကျန်နည်း နေပေမယ့် ဒေသတွင်း ဆီစက်သမားများ အကြော်လုပ်ငန်းသမားနဲ့ လက်လီဆိုင်များက တစ်ပိဿာကို ၁၆၄၇ ကျပ် (တစ်တန်ကို ၁ဝဝ၈၆ဝ၆ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါ တယ်။