ကုလားပဲ(တိုင်ပေ) ဈေးအနည်းငယ်ဆင်းပေမယ့် အရောင်းအဝယ်ပုံမှန်ရှိ

ကုလားပဲစဉ် ကုန်စည်ဒိုင်         ရေတွက်ပုံ         ယခင်    ယခု           ပြောင်းလဲမှု၁ မန္တလေး                   ၁ ပိဿာ       ၈၈၃      ၈၆၂၂ မကွေး                     ၁ ပိဿာ        ၈၆ဝ     ၈၄၅၃ ပခုက္ကူ                     ၁ ပိဿာ         ၈၈၄     ၈၅၇၄ မုံရွာ                        ၁ ပိဿာ        ၈၂၆       ၈၂၆၅ အောင်လံ                 ၁ ပိဿာ          ၈၅ဝ    ၈ဝဝ၆ မြင်းခြံ                      ၁ ပိဿာ         ၈၅ဝ       ၈၂၅ကုလားပဲ(တိုင်ပေ) ဈေးအနည်းငယ်ဆင်းပေမယ့် အရောင်းအဝယ်ပုံမှန်ရှိ                  မန္တလေးဈေးကွက်မှာ ခွဲစက်သမားများနှင့် အမှုန့်ကြိတ်စက်သမားများက တစ်ပိဿာကို ၈၆၂ကျပ်(တစ်တန်ကို ၅၂၇၈၈ဝ ကျပ်) နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြား ဝယ်အားပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့စာရင်  ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ။် မကွေး ဈေးကွက်မှာ ပဲခွဲစက်သမားများက တစ်ပိဿာ ၈၄၅ ကျပ် (တစ်တန်ကို ၅၁၇၄၆၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ ဒေသတွင်းပဲစက်နှင့် ပဲကြော်ဖို လုပ်ငန်းရှင်များက တစ်ပိဿာ ၈၂၆ ကျပ် (တစ်တန်ကို ၅ဝ၅၈၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးအပြောင်းအလဲမရှိဘဲ ဈေးတန့်နေတယ်လို့မြို့ခံပဲခွဲစက်လုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။ မြင်းခြံဈေးကွက်မှာလည်း ကုလားပဲ (တိုင်ပေ)ကို ဒေသတွင်း ပဲခွဲစက်သမားများက ဒီတစ်ပတ်မှာ ဈေးချ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျသွား တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၂၅ ကျပ်(တစ်တန်ကို ၅ဝ၅၂၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။