အာဆီယံမှ အရေးပေါ်ဆန် အရန်သိုလှောင်မှုစီမံကိန်း အပြီးသတ်
အာဆီယံမှ အရေးပေါ်ဆန် အရန်သိုလှောင်မှုစီမံကိန်း အပြီးသတ် အာဆီယံနိုင်ငံတွေက ဒေသတွင်းအစားအစာ လုံခြုံ စိတ်ချရမှု ဖြစ်စေဖို့ မေလ ၇ ရက်နဲ့ ၈ ရက်နေ့တို့အတွင်း ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာအရေးပေါ်ဆန် အရန်သိုလှောင်မှု စီမံကိန်းကို အပြီးသတ်ဆွေးနွေးခဲ့ကြပါတယ်။ အာဆီယံနိုင်ငံတွေအနက် အကြီးမားဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံမှ ကျန်အဖွဲ့ဝင်နိုင်ငံတွေကို ဒေသတွင်းဆန် ဈေးနှုန်း မြင့်တက်မှုကို ပြေလည်စေဖို့နဲ့ အာဆီယံကို Food basket အဖြစ် အလားအလာတိုးတက်စေဖို့ အာဆီယံ ဆန်အရန်သို လှောင်မှုကို တိုးခဲျ့လုပ်ဆောင်သွားကြဖို့ တောင်းဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ လယ်ယာစိုက်ပျိုးရေးနဲ့ သစ်တောဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံနိုင်ငံတွေက ဂျပန်၊ ကိုရီးယား၊ တရုတ် နိုင်ငံတို့နဲ့ ASEAN Plus Three Emergency Rice Reserve (APTERR) ကိုချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ASEAN Plus Three နိုင်ငံတွေအတွက် သဘောတူညီထားတဲ့ စုစုပေါင်းဆန်အရန်သိုလှောင်မှုမှာ တန်ချိန် ၈၇၈ဝဝဝ တန်ရှိပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံ အနက် နိုင်ငံ တစ်ခုစီက သဘောတူညီထားတဲ့ ဆန်ပမာဏပြည့်မီစေဖို့ ထည့်ဝင်သွားရမှာဖြစ်ပါတယ်။ ဂျပန်၊ တရုတ်နဲ့ ကိုရီးယား နိုင်ငံတို့မှာ ဆန်အရန်သိုလှောင်မှုအတွက် ဆန်တန်ချိန် ၂ဝဝဝဝဝ ထည့်ဝင်ဖို့ သဘောတူညီထားကြ ပြီး ကျန်ပမာဏ ကို အာဆီယံ ၁ဝ နိုင်ငံတို့မှ ထည့်ဝင်သွားရမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှ ဆန်တန်ချိန် ၁၂ဝဝဝ တန်ထည့်ဝင် သွားရမှာဖြစ်ပါတယ်။ မျိုးမျိုးထိုက်၊Source:commodityonline.com
