အလွန်နိမ့်တဲ့ဈေးနဲ့ ကမ္ဘောဒီးယားဆန်များ ရောင်းချဖို့ ကမ်းလှမ်း

အလွန်နိမ့်တဲ့ဈေးနဲ့ ကမ္ဘောဒီးယားဆန်များ ရောင်းချဖို့ ကမ်းလှမ်း              ဖိလစ်ပိုင်နိုင်ငံမှ ကမ္ဘောဒီးယားစိုက်ပိုျးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နံှမှုနဲ့ ဖနွမ်းပင်နဲ့ မနီလာတိုက်ရိုက် လေယာဉ်ခရီးစဉ် ဆောင်ရွက်မယ်ဆိုရင် ကမ္ဘောဒီးယားမှ ဖိလစ်ပိုင်ကို ဈေးအနိမ့်နဲ့ ဆန်ရောင်းချပေးမယ်လို့ ဖိလစ်ပိုင် သမ္မတအကွီနိုနဲ့ ကမ္ဘော ဒီးယားဝန်ကြီးခုျပ် ဟွန်ဆန်တို့ မေလ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံအစည်းအဝေးမှာ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားဘက်က ပြောကြားတာတော့ ဖိလစ်ပိုင်ဝယ်ယူနေတဲ့ ဗီယက်နမ်ဆန်အချို့ဟာ ကမ္ဘောဒီးယားဆန်တွေလို့ ဖိလစ်ပိုင်သမ္မတရဲ့ ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ နည်းဗျူဟာ အစီအစဉ်ရေးဆွဲရေးရုံးမှ ခေါင်းဆောင် Ramon က ဆိုပါတယ်။ အဓိကပြဿနာကတော့ ကမ္ဘောဒီးယားနိုင်ငံအတွင်း လုံလောက်တဲ့ သိုလှောင်ရုံမရှိခြင်းနဲ့ ၂ နိုင်ငံအကြား တိုက်ရိုက် လေယာဉ်မရှိခြင်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။ ကြားခံကုန်သည်ပွဲစားကို ဖယ်ရှားလိုက်ရင် သေချာပေါက် ဆန်ဈေး လျှော့ချနိုင်မယ်လို့လည်း ဆိုပါတယ်။                                               လမင်း၊Source: Jakarta post