၂ဝ၁၂ တွင် ဆန်ပမာဏလျှော့ချ တင်သွင်းမည့် ဖိလစ်ပိုင်
၂ဝ၁၂ တွင် ဆန်ပမာဏလျှော့ချ တင်သွင်းမည့် ဖိလစ်ပိုင် ဖိလစ်ပိုင်အစိုးရက ၂ဝ၁၂ ခုနှစ်မှာ ဆန်ကို တန်ချိန် ၅ သိန်း လျှော့ချတင်သွင်းသွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရမှ ပြောကြားလိုက်ပါတယ်။ ဒီလိုလျှော့ချ တင်သွင်းဖို့အတွက် အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး Proceso Alcala မှ ပြောကြားလိုက်ပါတယ်။ ၂ဝ၁၁ ခုနှစ်အတွက် ဆန်တန်ချိန် ၈၆ဝဝဝဝ ကိုသာတင်သွင်းဖို့ ရည်မှန်းထားကြောင်း သတင်းရရှိပါတယ်။ ၂ဝ၁၁ ခုနှစ် အတွက် နွေဦးစပါးအတွက် ဆန်ထွက်နှုန်းက စံချိန်တင်မြင့်တက်ခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးဌာနဝန်ကြီးက ပြောကြား လိုက်သော်လည်း သတင်းအသေးစိတ်ကိုမူ မသိရှိရသေးပါ။ ဆန်ထုတ်လုပ်မှုမြှင့်တင်နိုင်ဖို့အတွက် လိုအပ်သည်များကို ဆောင်ရွက်ပြီးစီးပြီးဖြစ်ရာ ၂ဝ၁၃ တွင် ဆန်အတော်အတန် ဖူလုံမှုရှိမှာဖြစ်ကြောင်း သိရှိရပါတယ်။ ယခုနှစ်အစောပိုင်းမှာ ဖိလစ်ပိုင် လယ်ယာစိုက်ပိုျးရေးဝန်ကြီးဌာနက ၂ဝ၁၁ ခုနှစ်အတွက် ဆန်တင်သွင်းမှု ပမာဏကို ၂ဝ၁ဝ ခုနှစ်ရဲ့ တစ်ဝက်နီးပါး တန်ချိန် ၁ သန်းထိ လျှော့ချသွားဖို့ စီစဉ်လျက်ရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:gmanews.tv
