ပြောင်းကို တရုတ်ဝယ်အားပုံမှန်ရှိပေမယ့် ဈေးငြိမ်နေ
ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၃ဝ ၂၃ဝ၂ လားရှိုး ၁ ပိဿာ ၂၇ဝ ၂၇ဝ၃ မူဆယ် ၁ တန် ၂၄၉၇၉၁ ၂၃၅၄၂၃၄ မန္တလေး ၁ ပိဿာ ၂၇၈ ၂၆၉၅ မြင်းခြံ ၁ ပိဿာ ၂၆၅ ၂၆၅ပြောင်းကို တရုတ်ဝယ်အားပုံမှန်ရှိပေမယ့် ဈေးငြိမ်နေ တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်က တစ်ပိဿာ ၂၃ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၅ဝဝဝဝ ဝယ်အားပုံမှန်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။မူဆယ် မှာ ပြောင်းကို တရုတ်ဝယ်လက်က တရုတ်ယွမ်ငွေဈေးအတက်အကျ အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်ဆင်းနေတယ်လို့ ဆိုပါတယ်။ မြင်းခြံ ဈေးကွက်မှာ ပြောင်းကဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း တစ်ပိဿာ ၂၆၅ ကျပ်နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားအဆွဲပုံမှန်ရှိတယ်လို့ မြို့ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ အရောင်း အဝယ် ဖြစ်မှုက တစ်ပိဿာ ၂၇ဝ ကျပ်နဲ့ တစ်ပတ်အတွင်းပိဿာချိန် ၁၇ဝဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံကုန်သည်များကဆိုပါတယ်။
