ကုန်စည်ဒိုင် သုံးသပ်ချက်

 ကုန်စည်ဒိုင် သုံးသပ်ချက်                  မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ပြည်ပအဆွဲ နည်းတာရယ်၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ပဲအရည်အသွေးထိခိုက်တာရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ် တန်ဖိုး ဈေးကျနေတာရယ်အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှု တွေရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ဟင်္သာတနဲ့ ပြည်မှာ ဈေးကျ နေကြောင်း သိရပါတယ်။                   ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ)ကို တရုတ်အဆွဲအေး တာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ မှာ ကျရိပ်သမ်း နေတာ တွေ့ရပါတယ်။                    ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေက အရည်အသွေး ပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မုံရွာ၊ ပခုက္ကူ န ဲ့ အောင်လံမှာ ဈေးမြင့်နေပြီး မန္တလေးမှာ ဈေးငြိမ်နေတာ ပြည်၊ မြင်းခြံနဲ့ မကွေးမှာ ဈေးအနည်းးငယ်ဆင်းနေတာ တွေ့ရပါ တယ်။                  ကုလားပဲဖြူလုံးကြီးကို ရန်ကုန်နဲ့ ပဲခွဲစက်သမားများ ဝယ် အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ဘုရင့်နောင်မှာ ဈေးငြိမ်နေပြီး မန္တလေး၊ မုံရွာ၊ ပခုက္ကူနဲ့ မြင်းခြံမှာ ဈေးမဆိုသိသလောက်က်ကျနေတာ တွေ့ရပါတယ်။                   ထိုင်ဝမ်ကုလားပဲ ကို ပဲခွဲစက်သမားများက ဈေးချအဝယ် ရှိတာကြောင့် မန္တလေး၊ မကွေး၊ အောင်လံနဲ့ ပခုက္ကူမှာ ဈေးအနည်းငယ်ကျနေပြီး မုံရွာနှင့် မြင်းခြံမှာ ဈေးငြိမ်နေကြောင်းသိရ ပါတယ်။                 ပြောင်းကို တရုတ်နဲ့ ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် မန္တလေးနဲ့ မူဆယ်မှာ ဈေးအနည်းငယ်ဆင်းနေပြီး တောင်ကြီး၊ လားရှိုးနဲ့ မြင်းခြံမှာ ဈေးတန့်နေကြောင်း သိရပါတယ်။                နှမ်းဖြူကို ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အား အထိုက်အလျောက်ရှိပေမယ့် တရုတ်အဆွဲ အေးတာကြောင့် မန္တလေး၊ မကွေးနဲ့ မုံရွာမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။