ဆီနီဂေါတွင် လယ်မြေဟက်တာ ၁၅ဝဝဝဝ ရင်းနှီးမြှုပ်နံှဖို့ အိန္ဒိယစီစဉ်
ဆီနီဂေါတွင် လယ်မြေဟက်တာ ၁၅ဝဝဝဝ ရင်းနှီးမြှုပ်နံှဖို့ အိန္ဒိယစီစဉ် အိန္ဒိယနိုင်ငံဟာ ဆီနီဂေါ လယ်မြေဟက်တာ ၁၅ဝဝဝဝ မှ ရင်းနှီးမြှုပ်နံှဖို့ ဆီနီဂေါစိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ သဘောတူညီမှု လက်မှတ်ရေးထိုးဖွယ်ရှိတယ်လို့ အစိုးရမှ ပြောကြားပါတယ်။ ယင်းလယ်မြေမှာ ဆန်၊ ပြောင်း၊ မြေပဲ၊ ဝါနဲ့ နံှစားသီးနံှများစိုက်ပျိုးပြီး ပြုပြင်ထုတ်လုပ်သွားမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနမှ မေလ ၁၂ ရက်နေ့မှာပြောကြားခဲ့ပါတယ်။ အဲဒီမြေ ဧရိယာမှာ ရေသွင်းပိုက်များနဲ့ ထရက်တာအပါအဝင် စက်ပစ္စည်းများ တပ်ဆင်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ စားသောက်ကုန်တင်သွင်းနေရတဲ့ ဆီနီဂေါနိုင်ငံဟာ ၎င်းရဲ့ အဓိကအစားအစာ ဆန်နဲ့ လူးဆတ်တို့ကို နှစ်စဉ်ထုတ်လုပ်မှု မြှင့်တင်ခြင်းဖြင့် စားနပ်ရိက္ခာတင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချဖို့ ဆောင်ရွက်နေပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနဟာ ၂ဝ၁၁ ခုနှစ်အတွင်း အာလူး၊ ဂံျုနဲ့ လက်ဖက်ထုတ်လုပ်မှုတိုးမြှင့်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ လမင်း Source: bloomborg.net
