ဆန်ဈေးကွက်သစ်များ တိုးတက်ရရှိဖို့ ထိုင်းနိုင်ငံက ဆန်းသစ်တဲ့ နည်းပညာများနဲ့ ကြိုးစား

ဆန်ဈေးကွက်သစ်များ တိုးတက်ရရှိဖို့ ထိုင်းနိုင်ငံက ဆန်းသစ်တဲ့ နည်းပညာများနဲ့ ကြိုးစား                 အိမ်နီးချင်း ဗီယက်နမ်ရဲ့ အားကောင်းတဲ့ ယှဉ်ပြိုင်မှုနဲ့ ကြုံတွေ့နေရတဲ့ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့နိုင်ငံ ထိုင်းဟာ ဈေးအမြင့်နဲ့ ရောင်းချနိုင်ဖို့ ဆန်မှ ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်ရေး ဆန်းသစ်တဲ့ နည်းပညာတွေ တိုးမြှင့်အသုံးချဖို့ နိုင်ငံရဲ့ အမျိုးသားတီထွင်ဆန်းသစ်ရေးအေဂျင်စီ (NIA) ကို တွန်းအားပေးခဲ့တယ်လို့ သိရပါတယ်။ သီးနံှတွေ ရောင်းချရာ မှာ တန်ချိန် သို့မဟုတ် ဝမ်းပုံစနစ်နဲ့ ရောင်းချခြင်းမပြုဘဲ ဂရမ်နဲ့ ရောင်းချရေး အားပေးလိုကြောင်း(NIA) မှအကြံပြု ခဲ့တယ်လို့ သိရပါတယ်။               ထိုင်းနိုင်ငံမှာ တီထွင်ဆန်းသစ်တဲ့ ဆန်လုပ်ငန်းအတွက် ကမ္ဘာ့ဈေးကွက်အခိုင်အမာရှိတာကို (NIA)ကရှာဖွေတွေ့ရှိ လေ့လာထားချက်အရ အလှကုန်ထုတ်လုပ်ရာမှာ ရောနှော ပစ္စည်းများ၊ အစာဖြည့်စွက်စာနဲ့ ဆေးများအတွက် ဆန်ကို အသုံးပြုခြင်းဟာ အရေးပါကြောင်း သိရပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ စက်မှုလုပ်ငန်းများ အတွင်း ကြီးမားတဲ့ တီထွင်ခြင်း တိုးမြှင့်မှု အစီအစဉ်တစ်ရပ်ကို (NIA) နဲ့ ထိုင်းဆန်အဖွဲ့တို့ ပူးပေါင်းစတင်ခဲ့တယ်လို့ သိရပါတယ်။                ၎င်းတို့မှ ဆန်တီထွင်ဆန်းသစ်မှုဆုကို စတင်ခဲ့ပြီး ဆန်းသစ်တဲ့ ဆန်ထုတ်ကုန်များ စီးပွားဖြစ် ဈေးကွက်အတွင်း ရောက်ရှိဖို့(NIA) မှ ဘတ် ၁ ဒသမ ၅ သန်း (ကန်ဒေါ်လာ ဝ ဒသမ ၄၉၆ သိန်း) နဲ့ ၂ဝ၁၁ ခုနှစ်တိုင်အောင် ၅ နှစ်လည် ပတ် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ဆုရရှိတဲ့သူများ ထဲမှာ ရှော့တင်းနင်းနဲ့ ခရင်(မ်)တို့လို ရောနှောပစ္စည်းပြုလုပ်တဲ့ ထောပတ်နဲ့ အုန်းဆီအစားထိုး ဖွဲနုဆီလည်းပါဝင်တယ်လို့ သိရပါတယ်။ ဖွဲနုဆီမှာ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နိမ့်တဲ့အတွက် စားသုံးသူများရဲ့ ကျန်းမာရေးအတွက် သင့်တော်တယ်လို့ သိရပါတယ်။ လမင်း၊Source: oryza.com