ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ)ကို တရုတ်အဆွဲသွက်လို့ ဈေးမာလာ
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၁၂၃၇ ၁၄၄၇ ၂ မန္တလေး ၁ ပိဿာ ၁ဝ၃၁ ၁၄၇၃ ၃ မကွေး ၁ ပိဿာ - ၁၄၇၅ - ၄ ရေစကြို ၁ ပိဿာ - ၁၄၇၅ - ၅ ပခုက္ကူ ၁ ပိဿာ - ၁၅၅၂ - ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ)ကို တရုတ်အဆွဲသွက်လို့ ဈေးမာလာ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် အိတ်စပို့အဆွဲပြန်လိုက် ၁၄၇ဝ ကျပ်(တစ်တန်ကို ၉ဝဝ၂၁၃ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သရိ ပါတယ။် မန္တလေးဈေးကွက်မှာတော့ တရုတ်အဆွဲ ပြန်လိုက်လာ ပေမယ့် ရောင်းသူကုန်သည်အချို့က ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၆၃၆ ကျပ်(တစ်တန်ကို ၁ဝဝ၁၈၇ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၆ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲတီစိမ်း(အညာ)ထိပ်စကိုတော့ တရုတ်က အရည်အသွေးပေါ်မူတည် ပြီး ဈေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၇၃ ကျပ်(တစ်တန်ကို ၇ဝ၂ဝ၅ဝ ကျပ်)နဲ့ နေ့စဉ် အထိ ၅ဝဝခန့် အဝယ်ရှိပါတယ။် မံုံရုရွာာဈေးကွက်မှာ ပဲတီစိမ်းဈေးကွက်အဝင်ရှိသလောက် မန္တလေးအဆွဲရှိခဲ့တယ်လို့ ဆိုပါတယ်။ အရင်အပတ်တွေက မန္တလေးအဆွဲအေးလို့ အရောင်းအဝယ် အေးတဲ့ ပဲတီစိမ်းက ဒီအပတ်မှာ ဝယ်လက်တွေက ဈေးပေးအဝယ် ရှိလို့ ယခင်အပတ်နဲ့စာရင် တစ်ပိဿာကို ၂၁ဝ ကျပ်ခန့် ဈေးမာလာ တယ်လို့ သိရပါတယ်။ မကွေးမှာ ပဲတီစိမ်းတွေဈေးကွက်သို့ စတင် ဝင်ရောက်လာသလို ဝယ်လက်တွေကလည်း တစ်ပိဿာကို ၁၄၇၅ ကျပ် (တစ်တန်ကို ၉ဝ၃၂၇၅ ကျပ်)နဲ့ ဈေးဖွင့်အဝယ်ရှိနေတယ်လို့ မြို့ခံပဲကုန်သည်တွေက ဆိုပါတယ်။ ရေစကြိုဈေးကွက်မှာလည်း ပဲတီစိမ်းတွေဈေးကွက်သို့ စတင်ဝင်ရောက်နေသလို မန္တလေးဝယ် လက်တွေကလည်း အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာကို ၁၄၇၅ ကျပ်(တစ်တန်ကို ၉ဝ၃၂၇၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအဝယ်ရှိနေကြောင်း သိရပါတယ်။ ပခုက္ကူမှာတော့ ရေသွင်းပဲတီစိမ်းကြီးတွေ ဈေးကွက်သို့နေ့စဉ်အိတ် ၇ဝဝ ခန့်အဝင်ရှိနေ ပေမယ့် မန္တလေးနဲ့ ရန်ကုန်ဝယ်လက်တွေက တစ်ပိဿာကို ၁၅၅၂ ကျပ်(တစ်တန်ကို ၉၅ဝ၄၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာအဝယ် ရှိနေသေးလို့ ထင်သလောက်အရောင်းအဝယ်မဖြစ်သေးဘူးလို့ မြို့ခံ ဝယ်ရောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
