ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိပေမယ့် ဈေးမငြိမ်

ပြောင်းစဉ် ကုန်စည်ဒိုင်       ရေတွက်ပုံ         ယခင်           ယခု          ပြောင်းလဲမှု၁ တောင်ကြီး              ၁ ပိဿာ        ၂၃ဝ          ၂၃ဝ၂ လားရှိုး                    ၁ ပိဿာ        ၂၇ဝ         ၂၈ဝ ၃ မူဆယ်                   ၁ တန်          ၂၃၅၄၂၃   ၂၃၄၁၉၃၄ မန္တလေး                 ၁ ပိဿာ         ၂၆၉           ၂၆၉၅ မြင်းခြံ                    ၁ ပိဿာ        ၂၆၅           ၂၅၅၆ ဟင်္သာတ                ၁ ပိဿာ       ၂၅၅            ၂၆ဝ၇ ရေစကြို                  ၁ ပိဿာ        ၂၅ဝ           ၂၅ဝပြောင်းကို တရုတ်အဆွဲပုံမှန်ရှိပေမယ့် ဈေးမငြိမ်                    တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေးနဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင်ဈေးတန့် နေတယ်လို့ဆိုပါတယ။် အရောင်း အဝယ်ဖြစ်မှု တစ်ပိဿာ ၂၃ဝကျပ်နဲ့ တစ်ပတ်အတွင်းပိဿာချိန် ၁၃ဝဝဝဝ ခန့်ဖြစ် ခဲ့ကြောင်း ဒေသခံကုန်သည်များက ဆိုပါတယ်။ မူဆယ်မှာ တော့ တရုတ်ယွမ်ငွေဈေးဆင်းနေတာကို အကြောင်းပြပြီး ဝယ်လက်တွေက ဈေးချအဝယ်ရှိတာတို့ကြောင့် ယခင်အပတ်နဲ့စာရင်  ဈေးအနည်းငယ်ဆင်းနေတယ်လို့သိရပါတယ။် လားရှိုးမှာ ရောင်းသူကုန်သည်တွေ ထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် တရုတ်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၈ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁ဝ၇ဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးမှာ တရုတ်ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များက တစ်ပိဿာ ၂၆၉ ကျပ်နဲ့ နေ့စဉ် အိတ် ၈ဝဝ ခန့်အဝယ်ရှိပေ မယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ မြို့ခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ။် ဟင်္သၤာာတဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၂၆ဝ ကျပ်နဲ့ နေ့စဉ်အိတ် ၁၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ။် ရေစကြိုဈေး ကွက်မှာ ပြောင်းကဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို မန္တလေးဝယ် လက်နဲ့ အစာစပ်လုပ်ငန်းရှင်များကလည်း တစ်ပိဿာကို ၂၅ဝ ကျပ်နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြား အဝယ်ရှိခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။