ပဲစင်းငုံနီကို အိတ်စပို့အဆွဲနည်းလို့ ဈေးဆင်း
ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၃၅ဝဝဝ ၅၁၅ဝဝဝ၂ မန္တလေး ၁ ပိဿာ ၇၈၃ ၇၈၃၃ မုံရွာ ၁ ပိဿာ ၈၁၅ ၇၈၅၄ ပြည် ၁ ပိဿာ ၇၉ဝ ၈ဝဝ၅ ပခုက္ကူ ၁ ပိဿာ ၈၁ဝ ၇၉ဝ၆ မြင်းခြံ ၁ ပိဿာ ၇၇ဝ ၇၅ဝ၇ အောင်လံ ၁ ပိဿာ ၈၁၅ ၈ဝဝ၈ မကွေး ၁ ပိဿာ ၇၈ဝ ၈ဝဝ ပဲစင်းငုံနီကို အိတ်စပို့အဆွဲနည်းလို့ ဈေးဆင်း ဘုရင့်နောင်ေ် ဈးကွက်တွင် ပဲစင်းငုံနီကို အိတ်စပို့အဆွဲနည်း သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၅၁၅ဝဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း တန် ၁၁၅ ခန့်သာအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ။် မန္တလေးဈေးကွက်မှာတော့ ရန်ကုန်ဝယ် လက်က တစ်ပိဿာကို ၇၈၃ ကျပ်(တစ်တန်ကို ၄၇၉၅ဝ၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ။် မံုံရွာဈေးကွက်မှာ ရန်ကုန်အဆွဲအေးပြီး ဒေသတွင်းကုန်သည်အချင်းချင်းသာ အရောင်းအဝယ်ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိ နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈၅ ကျပ်(တစ်တန်ကို ၄၈ဝ၇၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်သာဖြစ်ခဲ့ တယ်လို့သိရပါတယ။် ပခုက္ကူမှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ်အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၉ဝ ကျပ်(တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ပြည်ဈေး ကွက်မှာတော့ ရန်ကုန်အဆွဲပါးနေသလို ရောင်းသူကုန်သည်များက လည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၈ဝဝ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝ ခန့်အဆွဲခပ်ပါးပါးသာရှိခဲ့တယ်လို့ ဆိုပါတယ်။
