ဘင်္ဂလားဒေ့ရှ်က ယူဂန်ဒါမှာ စပါးစိုက်ပျိူးဖို့ အစီအစဉ်ကမ်းလှမ်း
ဘင်္ဂလားဒေ့ရှ်က ယူဂန်ဒါမှာ စပါးစိုက်ပျိူးဖို့ အစီအစဉ်ကမ်းလှမ်း ယူဂန်ဒါကို အလည်အပတ်ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိများဟာယူဂန်ဒါ ဒုတိယသမ္မတ Gilbert Bukenya ကို စပါးစိုက်ပျိုးဖို့ အစီအစဉ်တစ်ခုကမ်းလှမ်း ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအစီအစဉ်ဟာ ပုဂ္ဂလိကနဲ့အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားပြီး ယူဂန်ဒါမှာ စပါးဟက်တာ ၁ဝဝဝဝ စိုက်ပျိုးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အဲဒီလယ်မြေဟက်တာ ၁ဝဝဝဝ မှ နှစ်စဉ် ဆန်တန်ချိန် ၇၇ဝဝဝ ထုတ်လုပ်သွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ လတ်တလောစားနပ်ရိက္ခာတန်ချိန် ၁ ဒသမ ၅ သန်းခန့် လိုအပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ယခုကမ်းလှမ်းချက်များ အတည်ပြုပြီး အောင်မြင်မှုရရှိခဲ့မယ်ဆိုရင် ပြည်တွင်းစားနပ် ရိက္ခာ ဖူလုံဖို့အတွက် ယူဂန်ဒါမှာ စပါးထုတ်လုပ်မှု စီမံကိန်း ၂ဝ ချမှတ်ဆောင်ရွက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ လဝန်း၊Source: oryza.com
