၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းများ လက်ရှိနှုန်းထားအတိုင်း ရှိသင့်သည်ဟု IRRI က ခန့်မှန်းထား

၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းများ လက်ရှိနှုန်းထားအတိုင်း ရှိသင့်သည်ဟု IRRI  က ခန့်မှန်းထား                 စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် ကောင်းမွန်တဲ့ရာသီဥတုအခြေအနေကြောင့် ၂ဝ၁၁-၂ဝ၁၂ ကမ္ဘာ့ဆန် ထုတ်လုပ်မှုက ခန့်မှန်းထားတဲ့အတိုင်း တန်ချိန်ပေါင်း သန်း ၄၆ဝ ထွက်ရှိမယ်လို့ နိုင်ငံတကာဆန်သုတေသနသိပ္ပံ (IRRI) မှဝါရင့် စီးပွားရေး ပညာရှင် Samarendu Mohanty က ပြောကြားပါတယ်။ အထွက်နှုန်းကောင်းခြင်း၊ သိုလှောင်ထားရှိမှုများစွာ ရှိတာ တို့ကြောင့် ၂ဝ၁၂ ခုနှစ်မှာ ကမ္ဘာ့ဆန်ဈေးနှုန်းတွေ လက်ရှိနှုန်းထားအတိုင်းရှိသင့်တယ်လို့ IRRI ကခန့်မှန်းထားပါတယ်။ လက်ရှိကမ္ဘာ့စံသတ်မှတ်တဲ့ ဆန်ဈေးနှုန်းဖြစ်တဲ့ ထိုင်းဆန်ဖြူ ၁ဝဝ ရာခိုင်နှုန်း (ဘီ) အမျိုးအစားနဲ့ ဆန်ဖြူ ၂၅ ရာခိုင်နှုန်း ဆန်ကွဲအမျိုးအစားရဲ့ ပြည်ပတင်ပို့တဲ့နှုန်းထားတွေမှာ တစ်တန်ကို ကန်ဒေါ်လာ ၄၉ဝ နဲ့ ၄၅ဝ စီ အသီးသီးဖြစ်ပါတယ်။   ပပ၊Source:guardian.co.uk.com