တရုတ်နိုင်ငံအရှေ့ပိုင်းမှာ မိုးခေါင်မှု ပြင်းထန်ခြင်းကြောင့် ဆန်ထုတ်လုပ်မှုကို ထိခိုက်

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ မိုးခေါင်မှု ပြင်းထန်ခြင်းကြောင့် ဆန်ထုတ်လုပ်မှုကို ထိခိုက်              တရုတ်နိုင်ငံအရှေ့ပိုင်း Jiangxi  ပြည်နယ်မှာ မိုးခေါင်ခြောက်သွေ့မှုပြင်းထန်ခြင်းကြောင့် ဆန်ထုတ်လုပ်မှုကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်စေပြီး လူဦးရေ ၂၃ဝဝဝဝ ကျော်မှာလည်း သောက်ရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်လို့ ပြည်တွင်းသတင်းများ အရ သိရပါတယ်။ ယင်းပြည်နယ်မှာ ဆောင်းရာသီအစပိုင်းကစပြီး မိုးခေါင်မှုဖြစ်ပေါ်ခဲ့ရာ နွေရာသီတိုင်အောင် မိုးခေါင်တာရှည်ခဲ့တယ်လို့ ဆိုပါတယ်။             တစ်နှစ်ကို စပါး ၂ ကြိမ်စိုက်ပျိုးတဲ့ Jiangxi ရွာမှာ ကုန်းမြေများ ခြောက်သွေ့အက်ကွဲမှုဟာ လက် ၄ ချောင်းလောက်ထိ ကြီးမားကျယ်ပြန့်တယ်လို့ ဆိုပါတယ်။ ဟူနန်ပြည်နယ့်Yiyang မြို့မှာ အချို့လယ်သမားများ ပြောကြားချက်အရ ဇူလိုင်လမှာ ရိတ်သိမ်းရတော့မယ့် အစောပိုင်းစိုက်ထားတဲ့ စပါးခင်းများအနက် ဧရိယာအနည်းငယ် ထိခိုက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဟူနန်ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ စပါးထုတ်လုပ်မှု အကြီးမားဆုံးပြည်နယ်များထဲက တစ်ခုဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်မှာ တန်ချိန် ၃ဝ ဒသမ ၅ သန်းထုတ်လုပ်ခဲ့ပါတယ်။ မိုးလေသဝဌာနက ဟူနန်ပြည်နယ်တစ်ဝန်းလုံး မိုးရွာမယ်လို့ ခန့်မှန်းထားပေမဲ့ အဲဒီ မိုးရေပမာဏက ခြောက်သွေ့ပူပြင်းမှုကို သက်သာရာရနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။    လမင်းးSource: oryza. com