တောင်ကိုရီးယားက ဆန်တင်သွင်းမှုအပေါ် အခွန်တိုးမြှင့်မှု စတင်တော့မယ်
တောင်ကိုရီးယားက ဆန်တင်သွင်းမှုအပေါ် အခွန်တိုးမြှင့်မှု စတင်တော့မယ် တောင်ကိုရီးယားအစိုးရဟာ ဆန်တင်သွင်းခွန် တိုးမြှင့်ခြင်းကို အစောပိုင်းအစီအစဉ်အရ ၂ဝ၁၅ ခုနှစ်မှ စတင်မှာ ဖြစ်ပေမဲ့ ယင်းအစီအစဉ်ကို လာမယ့်နှစ်က စတင်အကောင် အထည်ဖော်ဖွယ်ရှိတယ်လို့ ပြည်တွင်းသတင်းမှာ ဖော်ပြ ထားပါတယ်။စိုက်ပိုျးရေးဝန်ကြီးဌာနဟာ ပြည်တွင်းဆန် ထုတ်လုပ်မှု မြှင့်တင်ဖို့ ရည်မှန်းထားတဲ့ ၅ နှစ်စီမံကိန်း ချမှတ်ထားပြီး ပြည်ပက တင်သွင်းအခွန်အတုတ်ကို ပိုမိုမြင့် တင်လိုက်ခြင်းဖြင့် ပြည်ပဆန်တင်သွင်း မှုကိုထိန်းခုျပ်ဖို့နဲ့ ပြည်တွင်းဆန်ထုတ်လုပ်မှုလုပ်ငန်းကို ထောက်ပံ့မှု အမြောက်အမြားပေးရမှုကို အကာအကွယ် ပြုလုပ်ရာမှာ အကူအညီဖြစ် လိမ့်မယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားအစိုးရဟာ ပြည်တွင်ဆန်လက် ကျန်မြင့်တက်နေခြင်းနဲ့ ပြည်တွင်းဆန်စားသုံးမှု သိသိသာသာ ကျဆင်းနေခြင်းတို့ကြောင့် အနိမ့်ဆုံးဈေးကွက် အခွင့်အလမ်း အစီအမံ (MMA) အရ လက်ရှိ ကိုတာ ကန့်သတ်မှုအစား တင်သွင်းခွန်ကို ပိုမိုတိုးမြှင့်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ လဝန်း Source: oryza.com
