ပြောင်းကို တရုတ်နဲ့ အစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိ
ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၃ဝ ၂၃ဝ၂ လားရှိုး ၁ ပိဿာ ၂၈ဝ ၂၈ဝ၃ မူဆယ် ၁ တန် ၂၃၄၁၉၃ ၂၂၇၄၆၈၄ မန္တလေး ၁ ပိဿာ ၂၆၉ ၂၆၉၅ မြင်းခြံ ၁ ပိဿာ ၂၅၅ ၂၆၅၆ ဟင်္သာတ ၁ ပိဿာ ၂၆ဝ ၂၆ဝ၇ ရေစကြို ၁ ပိဿာ ၂၅ဝ ၂၅ဝပြောင်းကို တရုတ်နဲ့ အစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိ တောင်ကြီးဈေးကွက်မှာ ပြောင်းကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်အပြင် ဒေသခံအစာစပ်လုပ်ငန်းရှင်များ ဝယ်အား ပုံမှန်ရှိခဲ့ပြီး ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ။် မူဆယ်မှာတော့ တရုတ်အဆွဲပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ဆင်း သွားတယ်လို့ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မြို့တွင်းအစာစပ်လုပ်ငန်းရှင်များ အဆွဲပုံမှန်ရှိပေမယ့် တရုတ်အဆွဲနည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာကို ၂၆၉ ကျပ်နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်ရှိခဲ့ကြောင်း သိရပါတယ။် မြင်းခြံဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်များ လာသလို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်တွေ ကလည်း ဝယ်အားကောင်းနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငြယ်မင့့််လာပြီး တစ်ပိဿာကို ၂၆၅ ကျပ်နဲ့ နေ့စဉ် အိတ် ၈ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန် သည်တစ်ဦး ကဆိုပါတယ်။ ဝယ်လက်တွေက အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအ ဝယ်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများတာကြောင့် ကုန်စည်ဈေးကွက်မှာ စည်ကားနေတယ်လို့ သိရပါတယ်။ လားရှိုး ဈေးကွက်မှာ တရုတ်အဆွဲသွက်နေပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးငြိမ်ေ် နတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၂၈ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၈၁ဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။
