ကုန်စည်ဒိုင် သုံးသပ်ချက်

ကုန်စည်ဒိုင် သုံးသပ်ချက်                မတ်ပဲ(ကုန်ကြမ်း)ကို ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ပြည်ပဈေးကွက်မှာ မတ်ပဲဈေးဆင်းနေတာရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးကျနေတာရယ်အပေါ် အကြောင်းပြုပြီး ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။                   ပဲတီစိမ်း(ခရမ်း) နဲ့ ပဲတီစိမ်း (အညာ)ကိုတရုတ်အဆွဲနည်းသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ရေစကြိုနဲ့ ပခုက္ကူမှာ ဈေးကျနေကြောင်း သိရပါတယ်။                   ပဲစင်းငုံနီ ကို အိတ်စပို့ အဆွဲအေးတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ ၊ မြင်းခြံ၊ အောင်လံ၊ ပြည်နဲ့ မကွေးမှာ ဈေးသိသိသာစွာာကျလာကြောင်း တွေ့ရပါတယ်။              ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်သမားများ ဝယ်အားအသင့် အတင့်ရှိပေမယ့် ရန်ကုန်အဆွဲ ပါးသွားတာကြောင့် မန္တလေး၊ မုံရွာ၊ ပခုက္ကူနဲ့ မြင်းခြံမှာ ဈေးကျနေပြီး ဘုရင့်နောင်မှာ ဈေးငြိမ်နေတာ တွေ့ရပါတယ်။                    ထိုင်ဝမ်ကုလားပဲကို ပဲခွဲစက်သမားတွေက ဈေးချ အဝယ်ရှိ သလို ဝယ်အားပါ နည်းလာတာကြောင့် မန္တလေး၊ ပခုက္ကူ၊ မုံရွာ၊ အောငလ် ၊ံ မြင်း ခြနံ ဲ့ ရေစကြို မှာ ဈေးကျ နေပြီး မကွေး မှာ ဈေးငြိမ် နေတာ တွေ့ရပါတယ်။                     ပြောင်းကို တရုတ်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိပေမယ့် ပစ္စည်းလက်ကျန် နည်းနေတာကြောင့် လားရှိုး မှာ ဈေးအနည်းငယ်မြင့်နေပြီး မူဆယ်၊ ဟင်္သာ တန ဲ့ မြင်း ခြံ မှာ ဈေးအနည်းငယ်ကျနေကာ တောင်ကြီးနဲ့ မန္တလေးမှာ ဈေး တန့်နေကြောင်း တွေ့ရပါတယ်။                       နှမ်းဖြူ ကို ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အား အထိုက်အလျောက်ရှိပေမယ့် တရုတ်အဆွဲအေးနေတာကြောင့် မန္တလေး နဲ့ မုံရွာမှာ ဈေးကျနေပြီး မကွေးမှာဈေးငြိမ်နေတာ တွေ့ရပါတယ်။ သိပ္ပံနှမ်း ကို ရန်ကုန်အဆွဲ ပြန်အေးသွားတာကြောင့် အောင်လံမှာ ဈေးကျနေတာ တွေ့ရပါတယ်။