ယခုနှစ်တွင် ဆန်တန်ချိန် ၁ဝ သန်းကျော်တင်ပို့နိုင်မည့်ထိုင်း
ယခုနှစ်တွင် ဆန်တန်ချိန် ၁ဝ သန်းကျော်တင်ပို့နိုင်မည့်ထိုင်း ယခုနှစ်မှာ ထိုင်းဆန်တင်ပို့မှုတန်ချိန် ၁ဝ သန်းကျော် ရောက်ရှိနိုင်ကြောင်းကို နှစ်စဉ်တင်ပို့မှု ၅ဝ ဒသမ ၅ ရာခိုင် နှုန်း တိုးတက်မှုနဲ့ ဝယ်လိုအားကောင်းမွန်မှုကြောင့် ယခုနှစ် မေလကုန်အထိ ဆန်တင်ပို့မှုတန်ချိန် ၅ ဒသမ ၁၃ သန်း တင်ပို့မှု တို့အရ ခန့်မှန်းသိရှိရပါတယ်။ မေလတစ်လတည်း ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၁၆သန်းရရှိခဲ့ကြောင်းနဲ့ လစဉ်ဆန်တင်ပို့မှုက ရည်မှန်း ချက်ထက် ကျော်လွန်နိုင်ကြောင်း နိုင်ငံခြားကုန်သွယ်ရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး Pranee Siriphand မှပြောကြားလိုက်ပါတယ်။ ယခုနှစ် မေလကုန်အထိ ဆန်တင်ပို့မှုတန်ဖိုး ၄ဝ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ ကန်ဒေါ်လာ ၂ ဒသမ ၈၉ ဘီလီယံရရှိခဲ့ကြောင်းနဲ့ ဆန်ပို့ကုန် ပျမ်းမျှဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၅၆၄ ဖြစ်ရာ ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရာတွင် ၂ ရာခိုင်နှုန်းကျ ဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ကုန်သွယ်ရေးဝန်ကြီးဌာနမှ ၂ဝ၁ဝ ခုနှစ်မှာ ဆန်တစ်တန်ပျမ်းမျှဈေးနှုန်း ကန်ဒေါ်လာ ၅၉ဝ မှ ၂ဝ၁၁ ခုနှစ်မှာ တစ်တန်ကို ကန်ဒေါ်လာ ၆ဝဝ ကိုရရှိနိုင်ကြောင်း မျှော်မှန်း ထားပါတယ်။ ယခုနှစ်ကျန်လတွေမှာ တစ်လကို ဆန်တန်ချိန် ပျမ်းမျှ ၇ သိန်းမှ ၇ သိန်းခွဲကြားတင်ပို့သွားဖို့ ရည်မှန်းထားကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဌ Chookiat Ophaswongse မှ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့အဓိကစိန်ခေါ်နေမှုမှာ အစိုးရသစ်ရဲ့ မူဝါဒ ဖြစ်ကြောင်းနဲ့ အစိုးရသစ်မှ ဆက်လက်ပြီး ဆန်ကတိ ကဝတ် အစီအစဉ်အရ စပါးတစ်တန်ကို ဘတ် ၁၅ဝဝဝ နဲ့ဝယ်ယူရင် ထိုင်းဆန်က ယှဉ်ပြိုင်နိုင်မှုစွမ်းရည်လျော့နည်း သွားမှာဖြစ် ကြောင်း သတင်းရရှိပါတယ်။ ဆန်ကတိကဝတ်ဈေးနှုန်းမြင့်မားမှုက ယခုထိုင်းဆန် တင်ပို့မှု ဈေးနှုန်း ကန်ဒေါ်လာ ၄၈ဝ-၅ဝဝ ကြားမှ ၈၅ဝ- ၈၇ဝ ကြားမြင့်တက်စေနိုင်ပြီး ဝယ်လိုသူတွေ စိတ်ပျက်စေနိုင်ကြောင်း Chookiat မှပြောကြားလိုက်ပါတယ်။ ထိုင်း ဆန်နဲ့ ဗီယက်နမ်ပို့ကုန်ဈေးနှုန်းကွာခြားချက်က ယခုအခါတစ်တန် ကို ကန်ဒေါ်လာ ၁၅ မှ ၂ဝ ကြားကိုလျော့ကျသွားပြီဖြစ်ရာ ဝယ်ယူသူတွေမှ ထိုင်းဆန်ကို ပိုမိုမှာယူလာကြကြောင်း Chookiat မှဖြည့်စွက်ပြောကြားလိုက်ပါတယ်။ အေးမွန်မွန်လှိုင်၊ Source:bangkokpost.com
