အိန္ဒိယ PEC အေဂျင်စီက ပဲမျိုးစုံတန်ချိန် ၆ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်

အိန္ဒိယ PEC အေဂျင်စီက ပဲမျိုးစုံတန်ချိန် ၆ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်                 အိန္ဒိယနိုင်ငံပိုင်အေဂျင်စီဖြစ်တဲ့ PEC  ဟာ ဇူလိုင်လ အတွင်း ပဲမျိုးစုံ တန်ချိန် ၆ဝဝဝ ဝယ်ယူဖို့ တင်ဒါခေါ်ယူခဲ့ပါ တယ်။ တင်သွင်းမယ့်ပဲများကတော့ မြန်မာနိုင်ငံက ၂ဝ၁၁ ခုနှစ်ထွက် မတ်ပဲ FAQ  တန် ၂ဝဝဝ၊ မတ်ပဲ SQ  တန်ချိန် ၂ဝဝဝ နဲ့ သြစတြေးလျက ဒေစီကုလားပဲလုံး တန်ချိန် ၂ဝဝဝ တို့ဖြစ်ပါတယ်။                 ယင်းပဲများကို ၂ဝ၁၁ ခုနှစ် ဇူလိုင်လအတွင်း တင်ပို့ရမှာ ဖြစ်ပြီး တင်ပို့ရမယ့် ဆိပ်ကမ်းများကတော့ မွန်ဘိုင်းနဲ့ ချန်နိုင်းတို့ဖြစ်ပါတယ်။ ယင်းတင်ဒါကို ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ကြောင်း သိရပါတယ်။ ယမင်းခင်၊ Source: nns commoditynews