ပုသိမ်- ရန်ကုန် ကားတန်ဆာခနှုန်းထားများ ယခင်ထက် ဈေးနှုန်း ကျဆင်းလျက်ရှိ

ပုသိမ်- ရန်ကုန် ကားတန်ဆာခနှုန်းထားများ ယခင်ထက် ဈေးနှုန်း ကျဆင်းလျက်ရှိ                  ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ဆန်၊ ဆန်ထွက်ပစ္စည်းများကို ရန်ကုန်သို့ နေ့စဉ်တင်ပို့လျက်ရှိရာ တန်ဆာခနှုန်းထားများမှာ ယခင်ထက် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရပါတယ်။ ယခင်သတ်မှတ်ထားသော တန်ဖြင့် အိတ်ရေ ၁၅ဝ- ၂ဝဝ သာ တင်နိုင်သော်လည်း ယခုအချိန်တွင် အိတ်ရေ ၂ဝဝ-၂၅ဝ သို့ ပြန်လည် တင်ဆောင်ခွင့်ပြုပြီးချိန်တွင် ယခင်တန်ဆာခ ဆန်တစ်အိတ် ၈၅ဝ ကျပ်၊ ၉ဝဝ ကျပ်မှ ယခုအခါ ၇ဝဝ ကျပ်၊ ၇၅ဝ ကျပ်ဈေးသို့ ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။ မင်းမင်းဦး