မုံရွာ-မန်း ကုန်စည်တန်ဆာခများ

မုံရွာ-မန်း ကုန်စည်တန်ဆာခများ                 မုံရွာမှ မန်းသို့ ပဲ၊ ဆန် ပိဿာချိန် ၃ဝ ပါတစ်အိတ် ၄ဝဝ ကျပ်၊ ဆီတစ်ပိဿာ ၁၈ ကျပ်နှုန်းနဲ့ ကလေးဝ ကျောက်မီးသွေး တစ်တန်သယ်ခ ၁၆ဝဝဝ ကျပ်၊ ဒီဇယ်ချက်ဆီ တစ်ပေပါ သယ်ခ ၃၅ဝဝ ကျပ်နှုန်းရှိပြီး မန်းမှ မုံရွာသို့ အပြန်ကုန်အနေဖြင့် အချိုရည်တစ်ဖာ ၇ဝ ကျပ်၊ ဆပ်ပြာမှုန့်တစ်အိတ် ၁၆ဝ ကျပ်၊ ဘိလပ်မြေ တစ်အိတ် သယ်ခ ၄ဝဝ ကျပ်နှုန်းဖြင့် သယ်ယူနေပြီး ကုန်ဈေးနှုန်း၊ လမ်းတံတားခနဲ့ ဆီဈေးပြောင်းလဲမှုများကြောင့် တန်ဆာခ ဈေးနှုန်းတက်၍ မရကြောင်း၊ သီးနံှပေါ်ချိန်နဲ့ အရောင်းအဝယ်အားကောင်းချိန်တွင်သာ တန်ဆာခဈေးနှုန်း မြင့်တက်နိုင် ကြောင်း ကားကြီးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။                 ပြီးခဲ့တဲ့ မေလအလယ်လောက်အထိ ပဲ၊ ဆန်နဲ့ ဆီကုန်များ မုံရွာမှ မန်းသို့ တစ်ရက် ကားကြီး အစီး ၅ဝ ထက်မနည်း သွားရောက်ရကြောင်း၊ မေလလယ် နောက်ပိုင်းမှ ယခုအချိန်အထိ တစ်ရက် ကားကြီး အစီး ၂ဝ အောက်သာထွက်ရကြောင်းနဲ့ ကုန်ရှားပါးပြီး အရောင်းအဝယ်လည်း အေးနေသဖြင့် တန်ဆာခဈေးနှုန်းအကျဘက် သို့သာ ဦးတည်နိုင်ကြောင်း ကားကြီးအသင်းတာဝန်ခံတစ်ဦးက ပြောပြပါတယ်။   ခင်မြင့်မြင့်သန်း