ထိုင်ဝမ်ကုလားပဲကို ဒေသခံစက်သမားတွေ အဆွဲပုံမှန်ရှိလို့ ဈေးအနည်းငယ်စွာလာ

ထိုင်ဝမ်ကုလားပဲစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ      ယခင်     ယခု           ပြောင်းလဲမှု၁ မန္တလေး               ၁ ပိဿာ     ၇၉ဝ      ၈ဝ၉၂ မကွေး                 ၁ ပိဿာ      ၇၅ဝ      ၇၈ဝ၃ ပခုက္ကူ                 ၁ ပိဿာ      ၇၈ဝ      ၇၈ဝ၄ မုံရွာ                    ၁ ပိဿာ     ၇၈၉       ၈ဝဝ၅ အောင်လံ            ၁ ပိဿာ      ၇ဝဝ     ၇၈ဝ၆ မြင်းခြံ                ၁ ပိဿာ       ၇၈၅      ၈ဝဝ၇ ရေစကြို              ၁ ပိဿာ       ၇၈ဝ      ၇၈ဝထိုင်ဝမ်ကုလားပဲကို ဒေသခံစက်သမားတွေ အဆွဲပုံမှန်ရှိလို့ ဈေးအနည်းငယ်စွာလာ                 မန္တလေးဈေးကွက်မှာ ထိုင်ဝမ်(ကုလားပဲ)ကို ပဲခွဲစက်တွေက ဈေးပေးအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈ဝ၉ ကျပ်(တစ်တန်ကို ၄၉၅၄၂၃ ကျပ်)နဲ့အရောင်း အဝယ်ဖြစ်မှုများခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲခွဲစက်သမားတွေက တစ်ပိဿာကို ၇၈ဝ ကျပ်(တစ်တန်ကို ၇၄၄၆၆၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်ဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ အောင်လံဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေက ပဲခွဲခြမ်းပြုလုပ်ရန်အတွက် ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီး တစ်ပိဿာကို ၇၈ဝ ကျပ်(တစ်တန်ကို ၄၇၇၆၆၄ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ ဆိုပါတယ်။ မြင်းခြံဈေးကွက် မှာ မြို့ခံပဲခွဲစက်တွေက ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ့ ာပြီး တစ်ပိဿာကို ၈ဝဝ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ မြို့ခံစက်သမားတွေ အဆွဲပုံမှန်ရှိသလို ခပ်လေးလေး အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၈ဝဝ ကျပ်(တစ် တန်ကို ၄၈၉၉၁၂ ကျပ်) နဲ့ နေ့စဉ်အိတ် ၈ဝဝ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။