ထိုင်းနိုင်ငံက ကမ္ဘာ့ဆန်အများဆုံးပို့သူအဖြစ် ဆက်လက်တည်ရှိ

ထိုင်းနိုင်ငံက ကမ္ဘာ့ဆန်အများဆုံးပို့သူအဖြစ် ဆက်လက်တည်ရှိ             ယခုနှစ်မှာပင် ဆန်တန်ချိန် ၁ဝ သန်းကျော်ထိ တင်ပို့နိုင်ဖွယ်ရှိလို့ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ဆန်အများဆုံး ပို့သူအဖြစ် ဆက်လက် တည်ရှိမယ်လို့ ထိုင်းစီးပွားကူးသန်းဝန်ကြီးဌာနက ဆိုပါတယ်။ ယခုနှစ် ပထမ ၅ လအတွင်း ပြည်ပကို ဆန်တန်ချိန် ၅ ဒသမ ၇ သန်း၊ တန်ဖိုးအားဖြင့် ဘတ် ၈၈ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၈၉ ဘီလီယံ) ကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။            အခြားဆန်တင်ပို့နိုင်ငံများက ၎င်းတို့ ဆန်တင်ပို့မှုကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လာတာကြောင့် ယခုနှစ် စုစုပေါင်း ဆန်တန်ချိန် ၈သန်း-၉ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ဖို့ ဝန်ကြီးဌာနက မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။ ဝန်ကြီးဌာနဟာ ဇွန်လ ၂ဝ-၂၂ ရက်အတွင်း နိုင်ငံပေါင်း ၅ဝ ကျော်က ကိုယ်စားလှယ် ၅ဝဝ ကျော်တက်ရောက်မယ့် ဆွေးနွေးပွဲတစ်ခု ကျင်းပသွားမယ်လို့လည်း ထိုင်းစီးပွားကူးသန်းဝန်ကြီးဌာန ထိပ်တန်းအရာရှိတစ်ဦးကလည်း ထုတ်ဖော်ပြောကြားပါတယ်။ ၃ ရက်ကြာ ကျင်းပပြုလုပ်မယ့် အဲဒီဆွေးနွေးပွဲမှ ၂ဝ၁၅ ခုနှစ်မှာ တည်ထောင်မယ့် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC ) ကာလမှ ထိုင်းထုတ်ကုန်များ တိုးမြှင့်ဖို့နဲ့ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများ အကြား ထိုင်းနိုင်ငံအပေါ် ယုံကြည်မှုမြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောကြားပါတယ်။ လဝန်း Source: Bernama