ကမ္ဘာ့ဆန်ဈေးများ ဆက်လက်မြင့်မားနိုင်သော်လည်း ၂ဝဝ၈ စံချိန်တင်ဈေးကို မမီနိုင်ဟု IRRI က ခန့်မှန်း

ကမ္ဘာ့ဆန်ဈေးများ ဆက်လက်မြင့်မားနိုင်သော်လည်း ၂ဝဝ၈ စံချိန်တင်ဈေးကို မမီနိုင်ဟု IRRI က ခန့်မှန်း                  ဇွန်လဆန်းမှစပြီး အာရှဆန် ပြည်ပတင်ပို့တဲ့ဈေးနှုန်းတွေ ရက်သတ္တပတ် အလိုက် တဖြည်းဖြည်း မြင့်မားလာ တယ်။ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လောလောဆယ် ဆန်ဝယ်လိုအားရှိနေခြင်း နဲ့ ဖိလစ်ပိုင်ပုဂ္ဂလိက လုပ်ငန်းရှင်တွေ က ဗီယက်နမ်ဆန် အမြောက်အမြား ဝယ်ယူဖို့ ကမ်းလှမ်းမှု ရှိနေခြင်းတို့ ကြောင့် အာရှဆန် ပြည်ပတင်ပို့တဲ့ ၤFOB ဈေးနှုန်းတွေ တဖြည်းဖြည်းမြင့် မားလာတယ်လို့ သိရပါတယ်။ ၎င်းအပြင် ၂ဝ၁၁-၂ဝ၁၂မှာ ကမ္ဘာ့ ဆန်ထုတ်လုပ်မှုက တန်ချိန်ပေါင်း ၄၅၇ ဒသမ ၉ သန်း(ယခင်နှစ်ကထက် ၁ ရာခိုင်နှုန်းမြင့်မား) ရှိပြီး ဆန်စားသုံး မှုမှာ တန်ချိန်ပေါင်း ၄၅၈ ဒသမ ၇ သန်း (ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်း မြင့်မား)ရှိမယ်လို့ အမေရိကန် လယ် ယာစိုက်ပျိုးရေးဌာန (USDA) က ခန့် မှန်းထားတယ်။                    ဒါကြောင့် စားသုံးမှုက ထုတ်လုပ် မှုထက်ပိုနေခြင်း၊ တရုတ်နိုင်ငံမှာ မိုးခေါင်ခြောက်သွေ့မှုဒဏ် ခံစားရခြင်း၊ ယခုနှစ် ပါကစ္စတန်နဲ့ အမေရိကန်မှာ ဆန်ထွက်နှုန်း လျော့မယ်ခန့်မှန်းခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုစရိတ် မြင့်မားခြင်း တို့ကြောင့် ကမ္ဘာ့ဆန်ဈေးတွေ ဆက်လက်မြင့်မားနိုင်ကြောင်း၊ ဒါပေမဲ့ ၂ဝဝ၈ ခုနှစ် စံချိန်တင် ဈေးနှုန်းအထိ မရောက်ရှိနိုင်ကြောင်း နိုင်ငံတကာဆန် သုတေသနသိပ္ပံ IRRI  က ခန့်မှန်းထားပါတယ်။ ပပ၊Sourec:vietnamnews. Vnagency.com