မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်မှုနည်းလာ
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင ၁ တန် ၅၁၈ဝဝဝ ၅၂၅ဝဝဝ၂ မုံရွာ ၁ ပိဿာ ၈၄ဝ ၇၉ဝ၃ ပြည် ၁ ပိဿာ ၈၂၅ ၈၁၅၄ ဟင်္သာတ ၁ ပိဿာ ၈ဝဝ ၈ဝဝ၅ မန္တလေး ၁ ပိဿာ ၈၃၃ ၈၁၇မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်မှုနည်းလာ ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ (RC) ကို အိတ်စပို့ဝယ် လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ ရန်ကုန်ဈေးကွက်တွင် ပို့ကုန်ဝင် ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးဆင်းနေမှုကိုအကြောင်းပြုပြီး ဈေးချအဝယ်ရှိတာကြောင့် ၁၃-၆-၂ဝ၁၁ နေ့မှာ တစ်တန်ကို ၄၉၅ဝဝဝ ကျပ်ရှိရာကနေ ၁၄-၆-၂ဝ၁၁ နေ့မှာ ဒေါ်လာဈေးပြန်လှုပ်လာတာကြောင့် ၅ဝ၃ဝဝဝ ကျပ်သို့ဈေးအနည်းငယ်မြင့်လာ တာတွေ့ရပါ တယ်။ နောက်ပိုင်းမှာ ရန်ကုန်ဈေးကွက်တွင် ပို့ကုန်ဝင် ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးမြင့်လာတဲ့အပေါ် အိတ်စပို့ဝယ် လက်တွေက ဈေးပေးအဝယ်ရှိလာတာကြောင့် ၁၅-၆-၂ဝ၁၁ နေ့မှာ တစ်တန်ကို ၅၂၅ဝဝဝ ကျပ်အထိဈေးမြင့်လာပြီး ၁၆-၆-၂ဝ၁၁ နေ့မှာတော့ ၅၁၉ဝဝဝကျပ်သို့ ဈေးကျခဲ့ကာ ၁၇-၆-၂ဝ၁၁ နေ့မှာတော့ ၅၂၅ဝဝဝ ကျပ်သို့ ဈေးပြန်မြင့်လာပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။အရောင်းအဝယ်ဖြစ်မှုပမာဏက တစ်ပတ်အတွင်း တန် ၁၅၆၄ ခန့်သာရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုးဈေးမငြိမ်တာရယ်၊ အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးအနည်းငယ်ဆင်းနေတာရယ် အပေါ်မူတည်ပြီး အိတ်စပို့ဝယ်လက်တွေက မတ်ပဲ (RC) ကို တွက်ချက်ဝယ်ယူမှုတွေရှိ နေသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ ချိန်ဆပြီး အရောင်းရှိနေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲခွဲစက်လုပ်ငန်းရှင်များက ဈေးချ အဝယ်ရှိသလို ဝယ်အားပါနည်းလာကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၇ ကျပ် (တစ် တန်ကို ၅ဝဝ၃၂၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာ ဈေးကွက်မှာ မတ်ပဲကို မြို့ခံ ခွဲစက်တွေက တစ်ပိဿာကို ၇၉ဝ ကျပ် (တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့် ဝယ်အား အထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ် သမ်းနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါ တယ်။ ဟင်္သာတ ဈေးကွက်မှာ ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးမငြိမ်တဲ့အပေါ် တွက်ချက်ဝယ်ယူမှုတွေရှိ နေသလို ရောင်းသူကုန်သည်များကလည်း အောက်ဈေးကို မကြိုက် နှစ်သက်တာကြောင့် အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈ဝဝ ကျပ် (တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၈ဝဝ မှ ၁ဝဝဝ ကြားသာဖြစ်ခဲ့ကြောင်း သိရပါတယ်။
