ကုန်စည်ဒိုင်သုံးသပ်ချက်

 ကုန်စည်ဒိုင်သုံးသပ်ချက်                 မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးကျနေတာရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာရယ်အပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့်နောင်မှာ ဈေးမြင့် နေပြီး မုံရွာ၊ ပြည်နဲ့ မန္တလေးမှာ ဈေးကျနေကာ ဟင်္သာတမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။                       ပဲတီစိမ်း(ခရမ်း) နဲ့ ပဲတီစိမ်း(အညာ)ကို တရုတ်အဆွဲအေး သွားတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ မကွေး၊ ရေစကြိုနဲ့ ပခုက္ကူမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။                        ပဲစင်းငံုံနီကို အိတ်စပို့ဝယ်လက်တွေက အိန္ဒိယမွန်ဘိုင်း ဈေးကွက်တွင် မြန်မာ့ပဲစင်းငုံဈေးမြင့်လာတာရယ်၊ ရန်ကုန် ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမြင့်လာ တာရယ်အပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ဘုရင့် နောင်၊ မုံရွာ ၊ ပြည၊် ပခုက္ကူ၊ မြင်း ခြ၊ံ အောင်လံ နှင့် မကွေး မှာ ဈေးမြင့့််လာပြီး မန္တလေးမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။                    ကုလားပဲဖြူလံုံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲ စက်တွေက ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံနဲ့ ရေစကြိုမှာ ဈေးကျ နေကြောင်း တွေ့ရပါတယ်။                        ကုလားပဲ(ထိုင်ဝမ်)ကို ခွဲစက်သမားတွေက ဈေးချအဝယ် ရှိသလို အဝယ်လည်းအေးသွားတာကြောင့် မန္တလေး၊ မကွေး၊ ပခုက္ကူ၊ မုံရွာ၊ အောင်လံ၊ မြင်းခြ၊ံ ရေစကြိုနဲ့ ပြညမှာ ဈေးကျ လာကြောင်း တွေ့ရမှာဖြစ်ပါတယ်။                         ပြောင်းကို တရုတ်ဝယ်လက်နဲ့ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိတာကြောင့် တောင်ကြီး၊ ဟင်္သာတနဲ့ မန္တလေးမှာ ဈေးမြင့်နေပြီး လားရှိုး ၊ မူဆယ်နဲ့ မြင်းခြံမှာ ဈေးအနည်းငယ်ကျနေပြီး ရေစကြိုမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။                        နှမ်းဖြူကို ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များ ဝယ်အား ပုံမှန်ရှိပေမယ့် တရုတ်အဝယ်အေးလို့ မန္တလေး၊ ရေစကြို၊ မုံရွာနဲ့ မကွေးမှာ ဈေးကျနေကြောင်း သိရပါတယ်။                         သိပ္ပံနှမ်းကို ရန်ကုန်အဆွဲအေးသွားတာကြောင့် အောင်လံ မှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။