ရာသီဥတုဆိုးဝါးပေမဲ့ စပါးအထွက်များတာကြောင့် ဗီယက်နမ်က ဆန်တိုးမြင့်တင်ပို့မယ်
ရာသီဥတုဆိုးဝါးပေမဲ့ စပါးအထွက်များတာကြောင့် ဗီယက်နမ်က ဆန်တိုးမြင့်တင်ပို့မယ် ဗီယက်နမ်နိုင်ငံဟာ ရာသီဥတုဆိုးဝါးမှုအပေါ် စိုးရိမ်မှု တွေ ဖြစ်ခဲ့ရပေမဲ့ သီးနံှအထွက်ခန့်မှန်းတာထက် ကျော်လွန် နေတာကြောင့် ယခုနှစ်မှာ ဆန်တန်ချိန် ၇ သန်းအထိ တင်ပို့ နိုင်မယ်လို့ အာဏာပိုင်တွေက ဇွန်လ ၂၂ ရက်နေ့မှာ ပြောကြားပါတယ်။ ယခုနှစ် နိုင်ငံတောင်ပိုင်းရော၊ မြောက်ပိုင်းပါ နွေစပါးအထွက်ကောင်းတယ်လို့ စိုက်ပိုျးရေးဝန်ကြီးဌာန စိုက်ပျိုးရေးဌာနမှ ညွှန်ကြားရေးမှူး Nguyen Tri Ngoc က ပြောကြားပါတယ်။ ဒါကြောင့် မူလစီစဉ်ထားတဲ့ ဆန်တန်ချိန် ၆ သန်းမှ တန်ချိန် ၆ ဒသမ ၅ သန်းနဲ့ ၇ သန်းအတွင်း တိုးမြင့် တင်ပို့ သွားမယ်လို့ ဆိုပါတယ်။ ယခုနှစ် အစပိုင်းမှာ ရာသီဥတုအေး ခဲ့တဲ့အတွက် စိုက်ပိုျးမှုနောက်ကျခဲ့ရလို့ စပါးအထွက်ဆုံးရှုံးမှာ ကို စိုးရိမ်ခဲ့ရပေမဲ့ အထွက်တိုးလာခြင်းဖြစ်တယ်လို့ သတင်း အချက်အလက်နဲ့ စာရင်းအင်းဌာန ဒါရိုက်တာ Nguyen Viet Chien မှ ပြောကြားပါတယ်။ တောင်သူတွေ ဈေးအနိမ့်နဲ့ ရောင်းချရမှာကို ရှောင်ကြဉ် ဖို့ ဆန်တန်ချိန် ၁ သန်းဝယ်ယူသိုလှောင်ဖို့ အစိုးရက ဇွန်လ ၁၂ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရအတွက် အနိမ့်ဆုံး အာမခံဈေးနှုန်းကို တောင်သူအတွက် အကျိုးအမြတ် အနည်းဆုံး ၃ဝ ရာခိုင်နှုန်းထားပြီး သတ်မှတ်မယ်လို့ ဗီယက်နမ်စားနပ် ရိက္ခာအသင်းက ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ၁ နှစ်ကို ၂ သီးစိုက်ပျိုးပြီး ၂ဝ၁ဝ ခုနှစ်အတွင်း ဆန်တန်ချိန် ၆ ဒသမ ၇၅ သန်းတင်ပို့ခြင်းက ကန်ဒေါ်လာ ၃ ဒသမ ၂၃ ဘီလီယံရရှိခဲ့ပြီး ယခုနှစ် ဇွန်လ ၁၆ ရက်နေ့အထိ ဆန်တန်ချိန် ၃ ဒသမ ၅၄ သန်း တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၆၇ ဘီလီယံရရှိခဲ့ပါတယ်။ ယခုနှစ်မှာ တော့ တန်ချိန် ၇ သန်းအထိတင်ပို့နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လမင်းး၊ှSource: riceonline
