အာရှဆန်ဈေးမြင့်မားမှု ကာလကြာရှည်မှုမရှိနိုင်

အာရှဆန်ဈေးမြင့်မားမှု ကာလကြာရှည်မှုမရှိနိုင်               ဗီယက်နမ်နိုင်ငံရဲ့ စပါးသစ်ရောင်းချမှု အများဆုံးကာလဖြစ်တဲ့တိုင် ယခုတစ်ပတ်အတွင်း အာဖရိက ဝယ်လိုအားကြောင့် ဗီယက်နမ်ဆန်ဈေးမြင့်တက်လာစဉ်မှာ ထိုင်းနိုင်ငံမှာလည်း ဇူလိုင်လ ၃ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး ပြည်တွင်းကုန်သည်များမှ ဝယ်လိုအားတက်နေခြင်းက ထိုင်းဆန်ဈေးမြင့်တက်ဖို့ တွန်းပို့နေပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ယခုလ အတွင်း အာဖရိကနိုင်ငံများကို ၂၅ မှတ် ဆန်တန်ချိန် တစ်သိန်း ရောင်းချဖို့ စာခုျပ်ထားကြောင်း ကုန်သည်များက ဇွန်လ ၂၂ ရက်နေ့မှာ ပြောကြားပါတယ်။ အာဖရိကနိုင်ငံများဟာ ဗီယက်နမ်နိုင်ငံက တစ်နှစ်ကို ဆန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် ဝယ်ယူပါတယ်။ စပါးရိတ်သိမ်းနေဆဲဖြစ်ပေမဲ့ အဲဒီအရောင်းအဝယ်စာချုပ်များကြောင့် ဆန်ဈေးနှုန်းက တည်ငြိမ်နေတယ်လို့ ဟိုချီမင်းမြို့ရှိ ပြည်ပကုမ္ပဏီတစ်ဦးက ဆိုပါတယ်။ ၎င်းက မဲခေါင်ဒေသမှာ စပါးအများဆုံးထွက်ရှိတဲ့ နွေစပါး ရိတ်သိမ်းမှု စတင်ချိန် ဆန်ဈေးလျော့ကျလာမှာကို မျှော်လင့်ထားခဲ့သူဖြစ်ပါတယ်။                  ပြည်ပဆန်ကုမ္ပဏီ ၃ ခုဟာ ဇူလိုင်နဲ့ သြဂုတ်လအတွင်း သင်္ဘောတင်ရမဲ့ ၂၅ မှတ်ဆန် ဝယ်ယူဖို့ လွန်ခဲ့တဲ့ ၂ ပတ်က စာချုပ်ချုပ်ဆိုခဲ့တယ်လို့လည်း ၎င်းကဆိုပါတယ်။ စာခုျပ်ဈေးကတော့ ယခုတစ်ပတ် ကမ်းလှမ်းဈေးနဲ့ အတူတူပဲလို့ ဆိုပါတယ်။ ဗီယက်နမ်၂၅ မှတ်ဆန် FOB  ဈေးဟာယခင်တစ်ပတ်ကတစ်တန်ကို ကန်ဒေါ်လာ ၄၂ဝ-၄၃၅ ရှိရာမှ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၄၃ဝ ရှိပြီး ၅ မှတ်ဆန်ဈေးက ယခင်တစ်ပတ်က ကန်ဒေါ်လာ ၄၆ဝ-၄၆၅ ရှိရာမှ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၄၆ဝ-၄၇ဝ ဈေးဖြစ်လာတယ်လို့ ဆိုပါတယ်။ ယခုထွက်ရှိတဲ့စပါးမှ အရည်အသွေးနိမ့် ၁၅ မှတ်နဲ့ ၂၅ မှတ်ဆန်များ အဓိက ထုတ်လုပ်တယ်လို့ သိရပါတယ်။ နွေစပါးဟာ မိုးစပါးပြီးရင် ဒုတိယအထွက်များဆုံးဖြစ်ပေမဲ့ အရည်အသွေးနိမ့်ကျမှုကြောင့် ပြည်တွင်းသုံးများ ပြည်ပတင်ပို့ဖို့ပါ အသုံးပြုတယ်လို့ သိရပါတယ်။ ထိုင်းဈေးခိုင်မာ               ထိုင်းဆန်ဈေးဟာ ဇန်နဝါရီလထဲက ၁ဝ ရာခိုင်နှုန်းဝန်းကျင်ကျဆင်းခဲ့ရာမှ ပြည်ပဝယ်လိုအားပါးပေမဲ့ ဇွန်လ ၂၁ ရက်နေ့မှာထူးထူးခြားခြားမြင့်တက်ခဲ့တယ်လို့ကုန်သည်များက ဆိုပါတယ်။ ထိုင်းဆန်ဖြူ ၁ဝဝ မှတ်အဆင့် B ဈေးဟာ လွန်ခဲ့ တဲ့ သီတင်းပတ်က တစ်တန်ကို ကန်ဒေါ်လာ ၅၂၅ ရှိရာမှ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၅၆ဝ ဖြစ်ခဲ့တယ်လို့ ဆန်တင်ပို့သူများက ဆိုပါတယ်။            ဆန်ဈေးမြင့်တက်ခြင်းဟာ ပြည်ပဝယ်လိုအားကြောင့်မဟုတ်ဘဲသိုလှောင်ကြခြင်းကြောင့် ပြည်တွင်း ဈေးကွက်မှာ ရောင်းအားနည်းသွားတာကြောင့်လို့ ဆိုပါတယ်။ ဇူလိုင်လရွေးကောက်ပွဲမှာ Puea Thai  ပါတီက အနိုင်ရရင် ၎င်းတို့ရဲ့ အရန် သိုလှောင်ဆန်ဈေးကို မြင့်တက်ဖို့ အဆိုပြုချက်များကို အကောင်အထည်ဖော်လာချိန်မှာ ပြည်တွင်းကုန်သည်များနဲ့ ဆန်စက် ပိုင်ရှင်များဟာ အာဏာပိုင်တွေကို ဈေးအမြင့်နဲ့ ပြန်လည်ရောင်းချဖို့ မျှော်လင့်ပြီး သိုလှောင်ဖို့အတွက် လယ်သမားတွေဆီက ဆန်ဝယ်ယူနေခြင်းဖြစ်ပါတယ်။            ယင်းပါတီဟာ အနိုင်ရရင် ဆန်စပါးလုပ်ငန်းမှာ အမီပြုနေတဲ့ လူသန်းပေါင်းများစွာကို အကူအညီဖြစ်စေဖို့ လယ်သမား တွေဆီက စပါးတစ်တန်ကို ကန်ဒေါ်လာ ၄၉ဝ နဲ ဝယ်ယူသွားမယ်လို့ အဆိပြုုထားတာဖြစ်ပါတယ်။အဲဒီဈေးဟာ လက်ရှိ တစ်တန် ပေါက်ဈေးဘတ် ၁၁ဝဝဝ (ကန်ဒေါ်လာ ၃၆ဝ) ထက် သုံးပုံတစ်ပုံမြင့်မားနေပြီး ထိုင်းပြည်ပ တင်ပို့ဆန်ဈေးကိုလည်း တစ်တန် ကန်ဒေါ်လာ ၅၂၅-၅၃ဝ အထိ တွန်းတင်လိမ့်မယ်လို့ ကုန်သည်များက ဆိုပါတယ်။ အဲဒီဈေးသာဖြစ်လာမယ်ဆိုရင် ဗီယက်နမ်ကို ယှဉ်ပြိုင်နိုင်တော့မှာမဟုတ်ဘူးလို့လည်း ကုန်သည်များက ဆိုပါတယ်။ လမင်းး၊Source: riceonline