မူဆယ် - မန်းကုန်စည်သယ်ယူမှုပါးချိန် ကုန်တင်ယာဉ်များ စုပြုံများလာခြင်းကြောင့် ၆ ဘီးယာဉ်များ အနားပေး

မူဆယ် - မန်းကုန်စည်သယ်ယူမှုပါးချိန် ကုန်တင်ယာဉ်များ စုပြုံများလာခြင်းကြောင့် ၆ ဘီးယာဉ်များ အနားပေး           မူဆယ်- မန္တလေး ကုန်စည်များတင်ပို့ရာတွင် အဆင်းကုန်ရော၊ အတက်ကုန်ပါ တင်ပို့မှုနည်းခြင်း၊ ယခင်က အာဆီယံစံနှုန်းအတိုင်း တင်ပို့သည့်ကုန်တင်ယာဉ်များအား ကုန်အနည်းငယ်တိုးတင်ခွင့်ပေးလိုက်ပြီးနောက် ကုန်များများ တင်ဆောင် လာခြင်းကြောင့် ယခင်ထွက်ရသည့် ယာဉ်အစီးရေလျော့လာခြင်းနှင့် ဗန်းမော်ဘက်ပြေးဆွဲသည့် ကုန်တင်ယာဉ်များမှ မူဆယ်လမ်းကြောင်းသို့ပြောင်းလဲပြေးဆွဲခြင်းတို့ကြောင့် ကုန်စည်သယ်ယူမှုပါးချိန် ကုန်တင်ယာဉ်များ များပြားလာ၍ ခြောက်ဘီး ကုန်တင်ယာဉ်များ အနားပေးထားရကြောင်း သိရပါတယ်။ စိန်ထိပ်တန်းသီးနံှနှင့် ကုန်စည်ပို့ဆောင်ရေးမှ ကိုစန်းနိုင်ဦးက ''ခုအခြေအနေက ကုန်ပါးချိန်မှာ ကားပေါနေ တော့ ကားခလည်း ထိုးကျလာခဲ့တယ်။ အဆင်းကုန်ကမြေဆီအားကိုးရတာ။ မြေဆီကလည်း မဆင်းတော့ တခြားကုန်လည်း သိပ်ပြီးမဆင်းလို့ ၆ ဘီးကားတော်တော်များများ နားတာများ တယ်။ ကားတက်သွားပြီးရင် ချက်ချင်းပြန်မဆင်းလာနိုင်ဘူး။ ကုန်သွားစုနေရတယ်။ အရင်ကဆို ၆ ဘီးယာဉ်က မနားရဘူး ချပြီးမကြာဘူး၊ ကုန်ပြန်ဆင်းခဲ့ရတာ။             အထက်ကုန်ကလည်း ငွေဈေးကျတော့ ဈေးကောင်းတဲ့ ကုန်မပို့တော့ဘူး'' လို့ ပြောပါတယ်။ မူဆယ်-မန်း ကုန်သယ်ယူရာတွင် အတက်ကုန်များမှာသီးနံှပေါ်ချိန်၌ ငွေပေါ်ပြီးအရောင်းအဝယ်သွက်၍ ယခုအချိန်တွင် အရောင်းအဝယ်နှေး နေကြောင်း ယခင် အများဆုံးသွားခဲ့သည့် ရော်ဘာကို ချင်းရွှေဟော်ဘက် အတင်များနေကြောင်း၊ ပြောင်းဖူးအထွက်နည်းနေ၍ တစ်ပိဿာ ၄ဝ ကျပ်သာရှိကြောင်း၊ ဆီးသီးခြောက်၊ ပဲယင်း၊ ပဲတီစိမ်းများ တင်ပို့မှုရှိသော်လည်း ကုန်နည်းလို့ တစ်ပိဿာကို ၄၃ ကျပ်ဖြင့် တင်ပို့မှုရှိကြောင်း ဆီးသီးခြောက်၊ ဝဥခြောက်နဲ့ နေလဲစေ့များလည်း နည်းလားကြောင်းသိရပါတယ်။ အဆင်းကုန်များတွင် ကြယ်ခေါင်မှ မန္တလေးသို့ ကုန်ကျစ်တစ်ပိဿာ ၅၅ ကျပ်သာရှိကြောင်း ကုန်ပွအခြေအနေကြည့်၍ ဈေးဖြတ်မှုရှိကြောင်း၊ ယခင်အဆင်း များသည့်မြေဆီများမှာ တစ်ခြားကုန်များနဲ့ မျှနေကြောင်း အိမ်ဆောက်ပစ္စည်းများလည်း အဆင်းနည်းလျက်ရှိကြောင်း ကုန်တင်ခဈေးနှုန်းထိုးကျလာကြောင်း၊ ကုန်တင်ယာဉ် မောင်းများထံမှ သိရပါတယ်။ ဇူးဇူး