မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၁၈ဝဝဝ ၅၃ဝဝဝဝ၂ မုံရွာ ၁ ပိဿာ ၈၄ဝ ၈ဝဝ၃ ပြည် ၁ ပိဿာ ၈၂၅ ၇၇၅၄ ဟင်္သာတ ၁ ပိဿာ ၈ဝဝ ၇၄ဝ၅ မန္တလေး ၁ ပိဿာ ၈၃၃ ၈ဝဝမတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင် ဈေးကွက်တွင် မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ ရန်ကုန်ဈေးကွက်တွင် ပို့ကုန်ဝင် ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမြင့်နေတဲ့အပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ၂ဝ-၆-၂ဝ၁၁ နေ့မှာ တစ်တန်ကို ၅၂၃ဝဝဝ ကျပ်ရှိရာကနေ ၂၁-၆-၂ဝ၁၁ နေ့မှာ ဒေါ်လာဈေးပြန်ဆင်းလာတာကြောင့် ၅၁၇ဝဝဝ ကျပ်သို့ဈေးအနည်းငယ်ဆင်းခဲ့ပြီး ၂၃-၆-၂ဝ၁၁ နေ့မှာ ၅ဝ၉ဝဝဝ ကျပ်ထပ်မံဈေးကျခဲ့ပါတယ်။ ၂၄-၆-၂ဝ၁၁ နေ့မှာတော့ ဒေါ်လာဈေးပြန်မြင့်လာတဲ့အပေါ် ဈေးပေးအဝယ်ရှိတာ ကြောင့် တစ်တန်ကို ၅၃ဝဝဝဝ ကျပ်သို့ ဈေးမြင့်လာခဲ့ပြီး အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှု ပမာဏကတော့ တစ်ပတ်အတွင်း တန် ၂၄ဝဝ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။မန္တလေးဈေးကွက်မှာ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်များက ဈေးချ အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာ ရင ် ဈေးကျလာပြီး တစ်ပိဿာကို ၈ဝဝ ကျပ်( တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်က ဈေးကွက်စဖွင့်ချိန်မှာ ဈေးပေးအဝယ် ရှိပေမယ့် နောက်ပိုင်းမှာ အောက်ဈေးနဲ့အဝယ်ရှိကာ အရောင်းအဝယ် ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၇၅ ကျပ် (တစ်တန်ကို ၄၇၄၆ဝ၂ ကျပ်)နဲ့ တစ်ပတ် အတွင်း အိတ် ၃ဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေက တစ်ပိဿာကို ၈ဝဝ ကျပ် (တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်အဝယ်ပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေကြောင်း သိရပါတယ်။ ဟင်္သာတဈေးကွက်မှာ ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးလှုပ်နေတာကို အကြောင်းပြုပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၄ဝ ကျပ်(တစ်တန်ကို ၄၅၃၁၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
