ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ) ကို တရုတ်အဝယ်အေးလို့ ဈေးဆင်းလာ
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၁၄၇၄ ၁၂၃၇ ၂ မန္တလေး ၁ ပိဿာ ၁၄၅၈ ၁၃၃၃ ၃ မကွေး ၁ ပိဿာ ၁၂၁ဝ ၁၁၆ဝ ၄ ရေစကြို ၁ ပိဿာ ၁၃၉၅ ၁၂၅ဝ ၅ ပခုက္ကူ ၁ ပိဿာ ၁၄၈၉ ၁၃၄ဝ ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ) ကို တရုတ်အဝယ်အေးလို့ ဈေးဆင်းလာ ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်း)ကို ရောင်းသူကုန်သည်များက တစ်ပိဿာကို ၁၃၇ဝ ကျပ်(တစ်တန်ကို ၈၃၈၉၇၄ ကျပ်)နဲ့ဈေးဖွင့်အရောင်းရှိပေမယ့် အိတ်စပို့ဝယ်လက်အဝယ်အေးနေ တာကြောင့် ဈေးသာရှိပြီး အရောင်းအဝယ်အေးနေကြောင်း သိရပါ တယ်။မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(ခရမ်း)ကို တရုတ်အဝယ်အေးနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေကြောင်းသိရပါတယ်။ ပဲတီစိမ်း(အညာ)ကိုတော့ တရုတ်ဝယ်လက်က အရည်အသွေးလိုတာကိုအကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃၃၃ ကျပ် (တစ်တန်ကို ၈၁၆၃၁၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၇ဝဝ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ မကွေး ဈေးကွက်မှာ ပဲတီစိမ်းကြီးကို ဝယ်လက်တွေက တစ်ပိဿာကို ၁၁၆ဝ ကျပ်(တစ်တန်ကို ၇၁ဝ၃၇၂ ကျပ်)နဲ့ ဈေးနှိမ်ပြီး အဝယ်ရှိနေသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းခဲ့တယ်လို့ သိရပါတယ။် မုံရွာဈေးကွက်မှာ မိုးကြို ပဲတီစိမ်းများ ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် မန္တလေးဝယ်လက်က တရုတ်အဆွဲအေးနေတာကို အကြောင်းပြုပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ဿာက ို ၁၂၃၇ ကျပ်(တစ်တန်ကို ၇၅၇၅၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
