သိပ္ပံနှမ်း

သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ    ယခင်    ယခု     ပြောင်းလဲမှု၁ အောင်လံ            ၁ ပိဿာ    ၂၂၂၅   ၁၇၇၈ နှမ်းဖြူနဲ့ သိပ္ပံနှမ်း ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်            မန္တလေးဈေးကွက်မှာ နှမ်းဖြူ ကို တရုတ်အဆွဲအေးပြီး မြို့တွင်းဆီကြိတ်လုပ်ငန်းရှင်များက အဝယ်အထိုက်အလျောက်သာရှိခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာကာ တစ်ပိဿာကို ၁၄၁၁ ကျပ်(တစ်တန်ကို ၈၆၄ဝ၈၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များက နှမ်းဖြူကို ဈေးချအဝယ်ရှိခဲ့သလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေးမရလို့ အရောင်းအ ဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှာတော့ နှမ်းဖြူကိုဒေသတွင်းဆီစက်လုပ်ငန်းရှင်များ လက်လီသမား ပဲကြော်ဖိုများနဲ့ မန္တလေးဝယ်လက်အဆွဲအနည်းငယ် ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၃၆၇ ကျပ်(တစ်တန်ကို ၈၃၇၁၃၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်လံေံ ဈးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲအေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာ ၁၇၇၈ ကျပ်(တစ်တန်ကို ၁ဝ၈၈၈၂၉ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။