ကုလားပဲဖြူလုံးကြီး

 ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်       ရေတွက်ပုံ     ယခင်     ယခု        ပြောင်းလဲမှု၁ ဘုရင့်နောင ်          ၁ ပိဿာ     ၉၉၆     ၉၅ဝ၂ မန္တလေး                ၁ ပိဿာ     ၉ဝ၈     ၉ဝ၈၃ မုံရွာ                     ၁ ပိဿာ     ၉ဝ၅      ၉၁၁၄ ပခုက္ကူ                  ၁ ပိဿာ     ၉ဝ၅     ၉ဝ၅၅ မြင်းခြံ                   ၁ ပိဿာ    ၈၈ဝ      ၈၈၅၆ ရေစကြို                ၁ ပိဿာ      ၈၉၅     ၈၉၅ကုလားပဲဖြူလုံးကြီး ဈေးအနည်းငယ်လှုပ်               မန္တလေးဈေးကွက် တွင် ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်တွေကရန်ကုန်မှာပို့ကုန်ဝင်ငွေ ဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာရယ်၊ ပြည်ပဝယ်လိုအား အခြေအနေ ရယ်အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေတယ် လို့ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉ဝ၈ ကျပ်(တစ် တန်ကို ၅၅၆ဝ၅ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၇ဝဝ ကြားဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ မြို့ခံပဲခွဲစက်လုပ်ငန်းရှင် များက ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲဖြူလုံး ကြီးကို မြို့ခံခွဲစက်တွေက တစ်ပိဿာ ၈၈၅ ကျပ်(တစ်တန်ကို ၅၄၁၉၆၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်အဝယ်ရှိခဲ့ပြီး ယခင်အပတ် နဲ့စာရင် ဈေးအနည်းငြယ်မင့််လာတယ်လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ် လက်နဲ့ ဒေသတွင်းခွဲစက်တွေက ဒေါ်လာဈေးအတက်အကျပေါ်မူ တည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၉၁၁ ကျပ် (တစ်တန်ကို ၅၅၇၈၈၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၈ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည် တစ်ဦးကဆိုပါတယ်။