ကုန်စည်ဒိုင်သုံးသပ်ချက်

ကုန်စည်ဒိုင်သုံးသပ်ချက်                  မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာရယ်၊ အိန္ဒိယဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးအတက်အကျ အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့် နောင်မှာ ဈေးမြင့်နေပြီး မန္တလေး၊ မုံရွာ၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။                  ပဲတီစိမ်း(ခရမ်း) နဲ့ ပဲတီစိမ်း(အညာ) ကို တရုတ်အဆွဲ အေးနေတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ မကွေး၊ ရေစကြိုနဲ့ ပခုက္ကူမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။                 ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေက ဒေါ်လာဈေး အတက်အကျပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာ ကြောင့် ဘုရင့်နောင်မှာ ဈေးမြင့်နေပြီး မန္တလေးနဲ့ မကွေး မှာ ဈေးကျနေကာ မုံရွာ၊ ပြည်နဲ့ ပခုက္ကူမှာ ဈေးမဆိုသုသလောြက်မင့့််နေကာ မြင်းခြံမှာ ဈေးငြိမ် နေကြောင်း တွေ့ရပါတယ်။                  ကုလားပဲဖြူလုံးကြီးကို အိတ်စပို့ဝယ်လက်တွေနဲ့ ဒေသတွင်း ပဲခွဲစက်တွေက ဝယ်အား ပုံမှန်ရှိတာကြောင့် မုံရွာနဲ့ မြင်းခြံမှာ ေဈးမြင့်နေပြီး မန္တလေး၊ ပခုက္ကူနဲ့ ရေစကြိုမှာ ဈေးငြိမ်နေပြီး ဘုရင့်နောင်မှာ ဈေးမဆိုသိသလောက်ကျနေတာ တွေ့ ရပါတယ။်                    ကုလားပဲထိုင်ဝမ်ကို  မြို့ခံပဲခွဲစက်သမားများ ဝယ်အား ပုံမှန်ရှိတာကြောင့် မကွေး၊အောင်လံ၊ပြည် နဲ့ ရေစကြိုမှာ ေဈးမြင့်နေပြီး ပခုက္ကူ၊ မုံရွာနဲ့ မြင်းခြံမှာ ဈေးတန့် နေကာ မန္တလေး မှာ ဈေးမဆိုသိသလောက်ကျနေတာ တွေ့ရပါတယ်။                    ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်း အစာစပ် လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိတာကြောင့် တောင်ကြီး၊ မူဆယ်၊ မန္တလေးနဲ့ မြင်းခြံမှာ ဈေးမြင့်နေပြီး လားရှိုးနဲ့ ရေစကြိုမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။                    နှမ်းဖြူကို ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များ ဝယ်အား ပုံမှန်ရှိပေမယ့် တရုတ်အဆွဲ အေးနေတာကြောင့် မန္တလေး၊ မုံရွာနှင့် မကွေးမှာ ဈေးကျနေကြောင်း တွေရပါတယ်။                  သိပ္ပ္ပံံနှမ်းကို ရန်ကုန်အဆွဲအေးသွားတာကြောင့် အောင် လံဈေးကွက်မှာ သိသိသာစွာဈေးကျ လာနေကြောင်း တွေ့ရပါတယ်။