တန်းမြင့်ပေါင်းဆန် Parboiled Rice ( Emata 5 % ) ပြည်ပသို့ စတင်တင်ပို့

တန်းမြင့်ပေါင်းဆန် Parboiled Rice ( Emata 5 % ) ပြည်ပသို့ စတင်တင်ပို့               မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အခန်းကဏ္ဍမှ ခေတ်မီ ပေါင်းစပါးထုတ်လုပ် စက်များ တည်ဆောက်လျက် တန်းမြင့်ပေါင်းဆန်များ ထုတ်လုပ်နိုင်ပြီ ဖြစ်သဖြင့် ပြည်ပသို့ စတင်တင်ပို့နေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။Golden Lace Co,Ltd ရွှေဇာခြည် ကုမ္ပဏီလိမိတက်မှ တန်းမြင့်ပေါင်းဆန် Parboiled Rice ( Emata 5 % ) ကို ရှရှားနိုင်ငံ Agro- Alliance Ltd သို့ တန်ချိန် (၂၅ဝ) ကို ရောင်းချထားရာ ၂၄-၆-၂ဝ၁၁ နေ့တွင် ၁၂၅ တန် တင်ပို့ ပေးပြီး၊ ဇူလိုင်လ အတွင်းကျန် (၁၂၅) တန်ကို တင်ပို့မည်ဖြစ်ကြောင်းနှင့် ပေါင်းဆန် တစ် တန်လျင် ှ့ ၄၈ဝ ရရှိကြောင်း သိရှိရပါသည်။ ယခုလက်ရှိ လည်ပတ်နေသော ခေတ်မီပေါင်းစပါး ထုတ်လုပ်စက်များမှာ ဧရာဝတီတိုင်း ဒေသကြီး၊ အိမ်မဲမြို့၊ ဘိုကလေးမြို့နှင့် ဒေးဒရဲမြို့တို့တွင် ဖြစ်ပြီး၊ ပုသိမ်မြို့တွင် တစ်နေ့ စပါးတန် (၂ဝဝ) ကျပေါင်းစပါးထုတ်လုပ်စက် တည် ဆောက်ရန် စီစဉ်ဆောင်ရွက်နေပြီး၊ ထိုင်းနိုင်ငံမှ နည်းပညာပံ့ပိုးမှုများ ရယူဆောင်ရွက်မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။