အာရှဆန်ဈေးတစ်တန် ၅ ဒေါ်လာ-၁ဝ ဒေါ်လာခန့် မြင့်တက်နိုင်

အာရှဆန်ဈေးတစ်တန် ၅ ဒေါ်လာ-၁ဝ ဒေါ်လာခန့် မြင့်တက်နိုင်           ထိုင်းနိုင်ငံရဲ့ ဆန်ဈေးနှုန်းမူဝါဒ မသေချာခြင်း၊ ပါကစ္စတန်မှ ရောင်းချမှု နှေးကွေးခြင်းနဲ့ သီရိလင်္ကာမှ ဝယ်လိုအားတက် လာခြင်းတို့ကြောင့် ယခုတစ်ပတ်အတွင်း အာရှဆန်ဈေးနှုန်း တစ်တန် ၅ ဒေါ်လာ-၁ဝ ဒေါ်လာ ဝန်းကျင်မြင့်တက်ဖွယ်ရှိပါတယ်။ ထိုင်းနိုင်ငံဆန်တင်ပို့သူများဟာ အစိုးရက ဈေးကွက်ပေါက်ဈေးထက်ပိုပြီး တောင်သူတွေဆီက ဆန်တိုက်ရိုက်ဝယ်ယူဖို့ မျှော်လင့်ထားတဲ့ ဇူလိုင်ကျော်လွန်တဲ့အထိ ဆန်တင်ပို့မှု ကမ်းလှမ်းချက်တွေကို အချိန်ဆွဲလျက်ရှိပါတယ်။            ထိုင်းနိုင်ငံရဲ့ ၅ မှတ်နဲ့ ၂၅ မှတ် ဆန်ဖြူ FOB ဈေးများဟာ တစ်တန်ကို ကန်ဒေါ်လာ ၅၂ဝ နဲ့ ၄၈ဝ အသီးသီးနဲ့ ကမ်းလှမ်းနေတယ်လို့ သိရပါတယ်။ ထိုင်းဆန်ဈေးပိုမိုမြင့်တက်လာခြင်းနဲ့အတူ ဝယ်လက်များဟာ ၎င်းတို့လိုအပ်ချက် ပြည့်မီဖို့ ဗီယက်နမ်ဆန်ကို ဦးတည်ဝယ်ယူမှု တိုးတက်နေတယ်လို့ စင်ကာပူအခြေစိုက် ကောက်ပဲသီးနံှလေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။             ဗီယက်နမ်ရဲ့ FOB ၅ မှတ်နဲ့ ၂၅ မှတ်ဆန်ဖြူဈေးများကတော့ တစ်တန်ကို ကန်ဒေါ်လာ ၄၇ဝ နဲ့ ၄၃၅ ဝန်းကျင်အသီးသီးနဲ့ ကမ်းလှမ်းနေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံက အနောက်အာဖရိကကို လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ဆန်အမြောက်အမြားတင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လအတွင်း စုစုပေါင်း ဆန်တန်ချိန် ၆၅ဝဝဝဝ ဝန်းကျင်ခန့် တစ်နှစ်လုံး တင်ပို့မှုပမာဏရဲ့ ၂ဝ ရာခိုင်နှုန်းနီးပါးတင်ပို့ရဖွယ်ရှိတယ်လို့ အစိုးရစာရင်းများအရ သိရပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ဆန်တင်ပို့ဈေးဟာ ယခုလအတွင်း တစ်တန်ကို ကန်ဒေါ်လာ ၂ဝ မြင့်တက်ခဲ့ပြီး သီရိလင်္ကာမှ တစ်ကျော့ပြန်အဝယ်သွက်လာတာကြောင့် နောက်ထပ် ကန်ဒေါ်လာ ၁၅ မြင့်တက်နိုင်တယ်လို့ ကရာချိအခြေစိုက် ကုန်သွယ်ရေး ကုမ္ပဏီ Rice Fex မှ အမှုဆောင်အရာရှိချုပ်Abdul Aziz Ghaffar  မှဆိုပါတယ်။ ဇူလိုင်လ ပထမပတ်အတွင်း သီရိလင်္ကာ နိုင်ငံဟာ တင်သွင်းခွန်ကင်းလွတ်မယ့် ကြေညာချက်ထွက်လာနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ စပါးသစ်များကို စတုတ္ထ ၃ လအတွင်း အများဆုံးရိတ်သိမ်းမှာဖြစ်လို့ ကျန်တဲ့လအတွင်း ဆန်ရောင်းချမှု နည်းနိုင်ဖွယ်ရှိတယ်လို့ Ghaffar က ဆိုပါတယ်။ ယခုနှစ် နိုင်ငံရဲ့ အထက်ပိုင်း ဆင်းဒေသမှာ စပါးစိုက်ပျိုးမှု နှောင့်နှေးခဲ့ပြီး အောက်ပိုင်းမှာ စောစောစိုက်ခဲ့တာကြောင့် သြဂုတ်လမှာ ရိတ်သိမ်းရဖွယ်ရှိပါတယ်။ ပါကစ္စတန်ရဲ့ IRRI-6 ဆန်အမျိုးအစား ၈ဝ ရာခိုင်နှုန်းဝန်းကျင်ကို ဆင်းပြည်နယ်အထက်ပိုင်းမှ ထုတ်လုပ်ပါတယ်။            ပါကစ္စတန်ရဲ့ FOB ၅ မှတ်နဲ့ ၂၅ မှတ်ဆန်ဖြူဈေးနှုန်းဟာ တစ်တန်ကို ကန်ဒေါ်လာ ၅၁ဝ နဲ့ ၄၆ဝ ဝန်းကျင်ရှိတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ပါကစ္စတန်ရဲ့ ၁ဝဝ ရာခိုင်နှုန်း ဆန်ကွဲရောင်းချမှု ပမာဏအနည်းငယ်ကို အနောက်အာဖရိကကို တစ်တန်ကန်ဒေါ်လာ ၄၁ဝ ဝန်းကျင်နဲ့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ဆန်ကွဲ ၁ဝဝ ရာခိုင်နှုန်းကို ကော်၊ အမှုန့်နဲ့ တိရစ္ဆာန် အစာလို စက်မှုသုံးအဖြစ် အသုံးပြုမှုများပေမဲ့ အာဖရိကမှာတော့ လူစားသုံးဖို့လည်း ဝယ်လိုအားကောင်းတယ်လို့ သိရပါတယ်။ လမင်း၊Source: Dow Jones